ခမ်းသားငေါဝ်း
မေ ၂၈ ၊ ၂၀၂၄

ဆီဆိုင်ဒေသခံများသည် မြေမြှုပ်မိုင်း၊ လက်နက် ကြီး အန္တရာယ်များကြားမှ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးပြန်လုပ်သူရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ပေါ်နှင့် ကျေးရွာဖက်တို့တွင် ယခုမေလကစပြီး စားဝတ်နေရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းများကို မြေမြုပ်မိုင်း၊လက်နက်ကြီးအန္တရာယ်ကြားကနေမှ ပြန်လုပ်နေကြကြောင်းသိရသည်။

“မစိုက်ပြန်တော့လည်း လာမဲ့နှစ်ဘာစားရမလဲ စိုက်တော့စိုက်နေတယ် အခြေအနေကဘယ်လိုလာမလဲမသိဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ဆီဆိုင်မြို့သည် လျက်ရှိ တိုက်ပွဲငြိမ်ပြီဖြစ်သော်လည်း စစ်ကောင်စီဖက်က လက်နက်ကြီးဖြင့် ကျေးရွာများကို တစ်ဖက်သတ်ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။

ဒေသခံ တစ်ချို့ နေအိမ်ပြန်လာပြီဖြစ်သော်လည်း ဒေသခံ ၄၁၅၀၀ က စစ်ရှောင်နေရဆဲဖြစ်ကြောင်း ယနေ့ပအိုဝ်း လူငယ်အစည်း အရုံး PYOထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *