ခမ်းသားငေါဝ်း
မေ ၂၈ ၊ ၂၀၂၄

စစ်‌ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် နောင်ကျောဘုန်းကြီးကျောင်းရှိ သိမ်ကျောင်းထိမှန်ပျက်စီးခဲ့သည်ဟု မေလ(၂၈)ရက်နေ့က ဒေသခံတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု နောင်ကျော‌ရွာဘုန်းကြီး ကျောင်း၌ မေလ(၂၇)ရက်နေ့နံနက်က စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် သိမ်ကျောင်းထိမှန်ပျက်စီးခဲ့သည်။

“ဗမာစစ်သားကလက်နက်ကြီး ထပ်ပစ်လာတာ၊ ဘုန်းကြီးကျောင်းမှာရှိတဲ့ သိမ်ကျောင်းတော့ထိသွားပြီ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့နယ်ရှိ နောင်သဲင်၊ နောင်ကျော၊ ကောင်ဝိန်တန်၊ ကောင်ဝိန်ပေး စသည့်ကျေးရွာတွေများတွင် PNLA နှင့် PDFတပ်ဖွဲ့များ မရှိသော်လည်း စစ်ကောင်စီကရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းဖြစ်းကြောင်း ၄င်းကဆက်ပြောသည်၊၊

စစ်ကောင်စစ်ဘက်မှ လက်နက်ကြီးများပစ်ခတ်လာခြင်းကြောင့် ဒေသခံများက နေအိမ်နှင့် ကျေးရွာအတွင်းသို့ မနေရဲတော့ပဲ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီမှလက်နက်ကြီးပစ်ခတ်ခြင်းကြောင့် နောင်ကျောဘုန်းကြီးကျောင်းရှိ သိမ်ကျောင်းထိမှန်ပျက်စီးခဲ့သည့်အပြင် ဒေသခံနေအိမ်တစ်လုံးလည်းထိခိုက်ပျက်စီးခဲ့ရကြောင်း ‌ကောင်ဝိန်ဘက်၌ ဒေသခံနေအိမ်(၃)လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *