ခမ်းသားငေါဝ်း
မေ ၂၇ ၊ ၂၀၂၄

ကလောမြို့ ရေယားရွာအနီးတွင် တွဲကားနှင့်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်သူက သေဆုံးသွားခဲ့ကြောင်း ကူညီပေးသူထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရေယားကျေးရွာ ရွှေရေယားစားသောက်ဆိုင်အနီး မေလ၂၆ ရက် ည ၇ နာရီကျော်တွင် ဆိုင်ကယ်နှင့်တွဲကားတိုက်မိပြီး ဆိုင်ကယ်မောင်းသူသေဆုံးသွားခဲ့သည်။

“ဆိုင်ကယ်မောင်းသူက သေဆုံးသွားတယ်။ဆိုင်ကယ်လည်းပျက်စီးသွားတယ် ကားတော့တွဲကားဆိုတော့ဘားမှမဖြစ်ဘူး။”ဟု ပါဝင်ကူညီပေးနေသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

သေဆုံးသွားသောသူသည် အောင်ပန်းမြို့ ၊မင်္ဂလာရပ်ကွက်နေ အသက် ၃၁ နှစ်အရွယ် ကိုဇော်နိုင်ဖြစ်ပြီး အာလူးကြော်ပို့ပြီး အပြန် ယခုလို ဖြစ်ပွားခဲ့ကြောင်း ၄င်းကဆက်ပြောသည်။

ပြီးခဲ့သည့်မေလ၂၃ ရက်နေ့တွင်လည်း အောင်ပန်း-ပင်းတယ သွားလမ်း လွယ်မခံဂိတ်အကျော်အကွေ့ ၌ ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီး အောင်ပန်းမြို့ မြို့ဟောင်းရပ်ကွက်နေ ဒေါ်စိန်လည်း ထိခိုက်သေဆုံးသွားခဲ့ပြီး ကားသမားမောင်းပြေးသွားခဲ့ကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *