ခမ်းသားငေါဝ်း
မေလ၂၄၊ ၂၀၂၄

ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်အဖြစ် AA က အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဥ် ၃ သင်တန်း ဆင်းပွဲကို မေလ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ရေး၊ နိုင်ငံရေးရည်ရွယ်ချက်ဖြင့်၊ အာရက္ခတပ်တော် AA၊ စစ်ရုံးချုပ်မှ ဦးဆောင်ကျင်းပသော အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဥ် ၃ သင်တန်းဆင်းပွဲ တွင် အရာရှိ ၃၂၆ ဦးသင်တန်း ဆင်းနိုင်ခဲ့ကြောင်းသိရသည်။

အာရက္ခတပ်တော်၊ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဥ် ၃ ကို ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ သင်တန်းသား/သူ ၃၂၆ ယောက်ဖြင့်စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဤအရာရှိများကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ”အရာရှိလောင်း” အဖြစ်အသိပြုပေးခဲ့ပြီး၊ ၁၁ လခန့်အကြာတွင်မှ သင်တန်းဆင်းနိုင်ခဲ့ကာ၊ ရခိုင်ပြည်တွင် ပထမဆုံးပြုလုပ်သော အရာရှိသင်တန်းကာလသည် ၁ နှစ် နှင့် ၇ လ နီးပါးကြာမြင့်ခဲ့ကြောင်းသိရသည်။

အာရက္ခတပ်တော် ၏ အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းအား ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် အမှတ်စဥ် ၁ အဖြစ် ကချင်ပြည်နယ်တွင်ပြုလုပ်ခဲ့ပြီး သင်တန်းသား/သူ ၁၃၈ ဦးပါဝင်ပြီး အမှတ်စဥ် ၂ ကိုလည်း ကချင်ပြည်နယ်တွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရသည်။

အာရက္ခတပ်တော်၊ အရာရှိသင်တန်း၊ အမှတ်စဥ် ၄ နှင့် အခြေခံစစ်ပညာသင်တန်းများကို လာမည့်ကာလများတွင် ဖွင့်လှစ်ရန်လျာထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ/ သား များထံထပ်မံအသိပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အာရက္ခတပ်တော်တွင် စစ်မှုထမ်းပြီး၊ အာရက္ခဒေသအတွက် တာဝန်ယူလိုကြသည့်လူငယ်များအနေဖြင့် နီးစပ်ရာစစ်ဒေသများမှ တစ်ဆင့်စုံစမ်းပြီး အာရက္ခဒေသတည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည့်တံရေးလုပ်ငန်းများတွင် ပါဝင်နိုငိပါကြောင်း AA ကသတင်းထုတ်ပြန်ထားပါသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *