ခမ်းသားငေါဝ်း
မေလ ၂၄ ၊ ၂၀၂၄

နောင်ကျောရွာသားတစ်ဦး အနှစ်နှစ်အလလကြာ ဝယ်ယူစုထားသည့် အိမ်ဆောက်ပစ္စည်းအိမ်သုံးလုံးစာကို မေလ ၂၂ ရက်နေ့က စစ်ကောင်စီတပ် သိမ်းယူသယ်ဆောင်သွားလိုက်ကြောင်း ကာယံကံရှင်ထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း နောင်ကျောကျေးရွာအုပ်စု နောင်ကျောရွာထဲတွင် သမီးနှစ်ယောက်အတွက် နေအိမ်းဆောက်လုပ်နိုင်ရန်နှင့် မိမိနေအိမ်ဆောက် လုပ်ရန်အတွက် အိမ်အောက်တွင်ရှိသည့် အိမ်ဆောက်ပစ္စည်းကိုလည်းစစ်ကောင်စီတပ် သယ်ထုတ်သွားသည်ကိုဒေသခံက တွေ့ခဲ့ရသည်ဟု ပြောဆိုသည်။

“ဆောက်လုပ်ဖို့ပဲ ကျန်တယ် အားလုံးပြည့်စုံပြီပေါ့၊ အဲတာကို ဗမာစစ်တပ်က သိမ်းယူသယ်ထုတ်သွားတော့ အရမ်းနမျောတယ်၊ စိတ်နာတယ်၊ သိန်း ၁၀၀ ကျော်တန်ဖိုးရှိတယ်။ စစ်ရှောင်နေရတော့ ကိုယ့်ပစ္စည်းကို သယ်ထုတ်နေပေမယ့် ပြန်မကြည့်ရဲဘူး။” ဟု ကာယကံရှင် အိမ်ရှင်က ခမ်းသားငေါဝ်းကိုပြောသည်။

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုအတွင်းတွင် တိုက်ပွဲများ ဖြစ်ပွာဆဲဖြစ်ပြီး ဒေသခံများ စစ်ဘေးတိမ်း ရှောင်နေကြပြီး ယခုချိန်ထိ မပြန်ရဲသေးကြောင်းသိရသည်။

နေရပ်ပြန်သူများသည်လည်း မှိုင်းနင်းမိခြင်း၊ စစ်ကျန်ပစ္စည်းထိမိခြင်း မကြာခနကြုံတွေ့နေရပြီး၊ ယခုအိမ်ရှင်၏ သားဖြစ်သူလည်း နောင်ကျောရွာအနောက်ဘက်တောထဲတွင် မှိုင်းနင်းမိပြီး ခြေထောက်တဖက်ဆုံးရှုံး ကာ အောင်ပန်းစစ်ဆေးရုံတွင် ဆေးကုသခံယူနေဆဲဖြစ်ကြောင်းသိရသည်။

‘’နောင်ကျောကျေးရွာအနောက်ဘက် နောင်အယ်ရွာအရှေ့တောင်ဘက်မှာ မိုင်းနင်းမိတာ ညာခြေပြတ်သွားတယ်” ဟု ဖခင်ဖြစ်သူက ပြောသည်။

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက တပ်ပြန်စွဲထားနေပြီး ၄၂၄ တပ်တွင်းတွင်လည်း လက်နက်ကြီးအထိုင်ချထား သလို၊ ပဲပုတ်ဘုရားဝင်းအတွင်းတွင်လည်း လက်နက်ကြီး အထိုင်နှစ်ခု ချထားကာ ညစဉ်ပစ်ခတ်မှုရှိနေ ကြောင်း ဒေသခံများထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း တိုက်ပွဲ သုံးလကျော်အတွင်း အရပ်သားပြည်သူ ၉၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီဟု မေလ ၂၀ ရက်က ပအိုဝ်းလူငယ်အစည်းရုံးထုတ်ပြန်ထားသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *