ခမ်းသားငေါဝ်း
မေလ၂၄၊ ၂၀၂၄

ဆိုင်ကယ်မောင်းနေစဥ် သွေးတိုးတက် ပြီးဆိုင်ကယ်မှောက်လဲမှု အောင်ပန်းမြို့တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ မေလ ၂၃ ရက်နေ့ ညနေ ၂ နာရီခွဲ အချိန်က အောင်ပန်းမြို့ လက်မပင်ရပ်ကွက်နေ ကိုမင်းဆိုသူသည် ဆိုင်ကယ်မောင်းရင်း သွေးတိုးတက်ကာ ဆိုင်ကယ်မှောက်ဖြစ်ပွားခဲ့ သည်။

“သူကဆိုင်ကယ်မောင်းရင်းသွေးတိုးတက်တော့ ဆိုင်ကယ်မှောက်သွားတယ် ခေါင်းနဲ့ ရိုက်မိပြီး ဦးခေါင်းဒဏ်ရာရရှိသွားတယ်” ဟု နာရေးကူညီမှုအသင်းအောင်ပန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆိုင်ကယ်မောင်းရင်း သွေးတိုးတက်ကာ ဆိုင်ကယ်မှောက်သွားသောကိုမင်းသည် ဦးခေါင်းအနည်းငယ်ထိခိုက်သွားကြောင်းသိရသည်။

ထို့အ​ပြင် အောင်ပန်း-ပင်းတယ သွားလမ်း လွယ်မခံဂိတ်အကျော်အကွေ့ ၌ ညနေ ၄ နာရီခွဲ အချိန်တွင် ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီး အောင်ပန်းမြို့ မြို့ဟောင်းရပ်ကွက်နေ မမီး နှင့် ဒေါ်စိန်တို့ထိခိုက်ဒဏ်ရာရသွားကာ ကားသမားမောင်းပြေးသွားကြောင်းသိရသည်။

” ဆိုင်ကယ်နဲ့ကားက မျက်နှာချင်းဆိုင်ပုံစံမျိုးတိုက်မိသွားတာ၊ ဆိုင်ကယ်မောင်းသူ မမီး ကတော့ ဘယ်လက်၊ဘယ်ခြေထောက်ကျိုးသွားတယ်၊ ဆိုင်ကယ်ပေါ်ပါ ဒေါ်စိန်ကတော့ ညာခြေထောက်ကျိုးတယ်၊ ခေါင်းဖုရောင်ဒဏ်ရာရသွားတယ်” ဟုနာရေးကူညီမှုအသင်းအောင်ပန်း တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အဆိုပါဒဏ်ရာရသူသုံးဦးလုံးကို အောင်ပန်းဆေးရုံတွင် အရေးပေါ်ကုသမှုခံယူပြီး တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ဆက်လက်ပို့ဆောင်ပေးခဲ့သော်လည်း ဒေါ်စိန်မှာ ညဆယ်နာရီခန့်အချိန်တွင် ရရှိဒဏ်ရာဖြင့်သေဆုံးသွားကြောင်း သိရသည်။

အောင်ပန်းမြို့တွင် ယာဥ်မတော်တဆ ဖြစ်ပွားမှုမကြာခန ဖြစ်ပွားနေကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *