ခမ်းသားငေါဝ်း
မေလ ၂၄၊ ၂၀၂၄

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကုန်းဆွတ်ရွာနေ အသက် ၅ နှစ်ဝန်းကျင် ကလေးငယ်တစ်ဦးထိ ခိုက်သေဆုံးသွားကြောင့် ဒေသခံထံမှသိရသည်။

ကရင်နီပြည် လွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာ အုပ်စု ကုန်းဆွတ်ရွာတွင် မေလ ၂၂ ရက်နေ့က စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်လာခြင်းကြောင့် ကလေးတစ်ဦးသေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူလည်းရှိပြီး နေအိမ်မီးလောင်မှုလည်း ဖြစ်ပွားခဲ့သည်။

‘’အိမ်တွေလည်း မီးလောင်တာတွေတွေ့ရတယ်၊ အန်တီတယောက်ဆို လက်တစ်ဖက်ဆုံးရှုံးသွားတယ်၊ ခုမိသားစုတွေ ဘယ်ရောက်လို့ ရောက်မှန်းမသိတော့ဘူး၊ ဖုန်းလိုင်းလည်းမရဘူး၊ တောဖက်ကို ရွာလုံးကျွတ် ထွက်ပြေးနေရတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လက်ရှိနေအိမ်မီးလောင်မှုအတိအကျကို စုံစမ်းဆဲဖြစ်ပြီးအသေးစိတ်မသိရှိသေးပါ။

ကုန်းဆွတ်ကျေးရွာသည် ပအိုဝ်းတိုင်းရင်းသားများနေထိုင်ကြပြီး အိမ်ခြေပေါင်း ၂၄၀ ကျော်ခန့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင်လည်း စစ်ကောင်စီ ပစ်ခတ်သည့်လက်နက်ကြီးကြောင့် နေအိမ်အလုံး ၂၀ ကျော်မီးလောင်ပျက်စီးသွားခဲ့ရပြီး သေဆုံးသူ၊ ဒဏ်ရာရရှိသူ လည်းရှိခဲ့သည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *