ခမ်းသားငေါဝ်း
မေလ ၂၃၊ ၂၀၂၄

အောင်ပန်းမြို့တွင် မေလ ၂၂ ရက်နေ့ တစ်ရက်တည်း ယဥ်တိုက်မှုနှစ်ခုဖြစ်ပွားခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် မေလ ၂၂ ရက်နေ့ နေ့လည် ၁၁ ခွဲအချိန်တွင် အောင်ပန်းမြို့ မိုးကောင်းရပ်ကွက်နေ မအင်(ပြည်ကျော်)လမ်းလျောက်နေစဥ် အမည်မသိကားတိုက်သွားရာ ကားမောင်းပြေးသွားပြီး ည ၈ နာအချိန်တွင် ရွာသစ်ရပ်ကွက် မြတ်မနောရှေ့အနီး ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွားကာ ကိုသင်း(သာမိုင်းခမ်း)ထိခိုက်ဒဏ်ရာရှိ ခဲ့သည်။

”ရောက်တဲ့အချိန်မှာ လူနာကလမ်းမအလယ်မှာလဲကျနေတယ်၊ ပွန်းပဲဒဏ်ရာရသွားတယ်၊ အသက်အန္တရာယ်တော့စိုးရိမ်စရာမရှိဘူး၊ တိုက်သွားတဲ့ကားကိုတော့ မမိလိုက်ဘူး” လို့အောင်ပန်းနာရေးကူညီမှုအသင်းတာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ကားနှင့်ဆိုင်ကယ်တိုက်မှုသည် ကားအားဆိုင်ကယ်နောက်ကနေလာတိုက်ခြင်းဖြစ်ကြောင်း သိရသည်၊၊

ဒဏ်ရာရသူ နှစ်ဦးလုံးကို အောင်ပန်းနာရေးကူညီမှုအသင်းက အောင်ပန်းဆေးရုံ အရေးပေါ်ငှာနသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *