ခမ်းသားငေါဝ်း
မေ ၂၃၊ ၂၀၂၃

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတွင် သုံးရက်အတွင်းမိုးဆက်တိုက်သွန်းနိုင်ပြီး ရေဘေး၊ မြေပြိုဘေးသတိပြုရန် (NUG)က မေလ(၂၂)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသတို့တွင် မေလ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ မိုးကြီးနိုင်ပြီး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေဘေး၊ မြေပြိုဘေးများအား သတိထားသင့်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ လူချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဆိုထားသည်။

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တမီးလ်နာဒူးကမ်းခြေအနီးတွင် ဖြစ်ပေါ်ခဲ့သည့်လေဖိအားနည်းရပ်ဝန်းတစ်ခုသည် မုန်တိုင်းငယ်တစ်ခုအဖြစ်အားကောင်းလာနိုင်ပြီး မြောက်(သို့မဟုတ်) အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊

မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ပြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းနှင့်‌ နေပြည်တော်တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကာ ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် နေရာကွက်ကြားမိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ရာသီဥတုကူးပြောင်းကာလ မုတ်သုံအခြေနေမှာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသတို့တွင် နေ့အပူချိန်များ အနည်းငယ်ပြန်ကျနိုင်ပြီး မုန်တိုင်းငယ်ကြောင့် မိုးရပြီး အပူဒဏ်လျှော့ကျစေနိုင်သည်ဟု သိရသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *