ခမ်းသားငေါဝ်း
မေ ၂၃၊ ၂၀၂၄

တောင်ကြီးမြို့ ဘုရားဖြူနယ်မြေ(၂)တွင် PNOပြည်သူ့စစ် အတွက်ဟုဆိုပြီး ထမင်းဟင်းများထုပ်ပို့ပေးနေရကြောင်း ဒေသခံထံကဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ဘုရားဖြူနယ်မြေ(၂) တွင် PNOပြည်သူ့စစ်များအတွက် တစ်အိမ်လျှင် ထမင်းဟင်း တစ်ထုပ်နှင့်အထက် အောင်ချမ်းသာဓမ္မရုံသို့ ပို့ပေးနေရသည်။

“ပို့ပေးရတာ ဒီနေ့နဲ့ဆို ၄ ရက် ၅ ရက်လောက်ရှိပြီ အစစအရာအရာစျေးကြီးနေပါတယ်ဆို သူတို့ကတစ်မျိုး တစ်ရက်တစ်ထုပ်နှစ်ထုပ်ဆိုတော့ ဘာဟင်းချက်ရမယ်မှန်းတောင်မသိတော့ဘူး ဘယ်လောက်ကြာအောင်ပို့ခိုင်းမလဲမသိဘူး” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

အမည်မဖော်လိုသည့် ပြည်သူတစ်ဉီး ကလည်း”ဦးလှဆာရဲ့ သားကြီး ခွန်ပေါရွှေကဦးဆောင်ပြီး PNO ပြည်သူ့စစ်တပ်ခွဲတစ်ခုထူထောင်ထားတယ်၊ ထမင်းထုပ်ပြီး ပြည်သူ့စစ်အတွက် ဘုရားဖြူနယ်မြေ ၂ ဓမ္မာရုံမှာပို့ခိုင်းတယ်၊ အဲလိုအတင်းအဓမ္မလုပ်တာမကြိုက်ဘူး”ဟု ခမ်းသားငေါဝ်း ကိုပြောသည်။

ခွန်ပေါ်ရွှေသည် ဘုရားဖြူရပ်ကွက် ရှိ မြေလွတ်မြေရိုင်းများနှင့်အများပိုင် ရေထွက်ဂနိုင်များကို ဖျက်ဆီးရောင်းချရန် ကျေးရွာတာဝန်ခံကိုစည်းရုံးရန် ကြိုးစားနေကြောင်းလည်း ဒေသခံများထံသိရသည်။

ခွန်ပေါ်ရွှေ၏ဖခင် ဦးလှဆာသည်လည်း ဘုရားဖြူရပ်ကွက်တွင်အများပိုင်ရေထွက်ဂနိုင်များကို မိမိကိုယ်ကျိုးအမြတ်များများရရှိရန် ကျေးရွာတာဝန်ရှိသူကိုစည်းရုံး ဂနိုင်ဖြိုချအကွက်ရိုက် ရောင်းစားကြ ခြင်းများအစဥ်အဆက်ပြုလုပ်ခဲ့သူ​ဖြစ်သည်။

ထို့အပြင် စစ်တပ်ကသိမ်းထားသည့်မြေများကို စစ်တပ်နှင့်ပေါင်းပြီး ခြံစည်းရိုးခတ်ခြင်းအပေးအယူဖြင့် မြေသိမ်းမြေပုံအပြောင်းအလဲလုပ်ကာ အကွက်ချရောင်းချမှုများလည်းပြုလုပ်ခဲ့ကြောင်းဒေသခံများထံသိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *