ခမ်းသားငေါဝ်း
မေ ၂၃၊ ၂၀၂၄

ပင်လောင်းမှ ဟိုးပုံးမြို့နယ် ကျောက်တန်းရွာသို့ စေ့စပ်ကြောင်းလမ်းရန် သွားသည့်ကားတစ်စီးမတော်တဆ တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်ပါ လူ ၄ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်တဖြေရွာ နေသူများသည် မေလ၂၁ ရက်နေ့က ဟိုပုံးမြို့နယ်၊ ကျောက်တန်းရွာသို့ ဇနီး စေ့စပ်ကြောင်း လမ်းရန်သွားစဥ် မဲနယ်တောင်ရွာသစ်လမ်းခွဲထိပ်အရောက်တွင် ကားချော်ပြီး ချောက်ထဲပြုတ်ကျခဲ့သည်။

“လူ ၁၉ ဦးပါတယ်။ ကားပေါ် ပါသူ ၁ ဦးတော့ပွဲချင်းသေတယ် ၃ ဦးက ဆေးရုံရောက်မှ သေတာ။ကျန်သူလည်း ဒဏ်ရာတွေရရှိပြီး တောင်ကြီးစဝ်းစံထွန်းဆေးရုံမှာဆေးကုသနေရတယ်”ဟု ပင်တဖြေရွာ ခံတစ်ဦးကပြောသည်။

သေဆုံးသူများသည် ပင်တပြေရွာမှ နန်ရောင်း ၊ ဦး၊ချိန် ၊ မူဝင်း ၊နန်ခင်ကြည်တို့ဖြစ်ကြကြောင်း သိရသည်၊၊

ထိုကားသည် ဘွန်ဂိုအမျိုးအစားဖြစ်ပြီး ချောက်ထဲ ပြုတ်ကျပြီးနောက် သက်ဆိုင်ရာ လှုမှုကူညီရေးအသင်းများက လာရောက်ကူညီကာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းလမ်းသည် အတက်အဆင်းကြီးပြီး လမ်းပျက်စီးမှုလည်း များသောကြောင့် လစဉ် ဆိုင်ကယ် ၊ကား မတော်တဆမှု ၃၊ ၄ခု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *