ခမ်းသားငေါဝ်း
မေ ၂၁၊ ၂၀၂၄

SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းနေထိုင်သည့် တိုင်း ရင်းသားလူငယ်များ၏ပညာရေးတိုး တက်ဖို့အတွက်မိခင်ဘာသာစကားကို အခြေခံသည့် (MTB-Mother Tongue-Based) သင်ရိုးညွန်းတန်းအသစ်ကို ဒီနှစ်တွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

မိခင်ဘာသာစကားကို အသုံးပြုသော သင်ရိုးဖြစ်သောကြောင့် သင်ကြားရေးတွင် ပိုမိုလွယ်ကူ ထိရောက်ကြောင်း၊ ကလေးတွေရဲ့ နားလည်းမူစွမ်းရည်နဲ့တွေးခေါ်နိုင်မှုစွမ်းရည်ပါ မြင့်မား တိုးတက်လာမည် ဖြစ် ကြောင်း SSPP/SSA ပညာရေး ဌာနမှူး စဝ်သီဟက မေလ(၁၉)ရက်နေ့တွင်ပြောဆို ထားကြောင်း SSPP Info တွင်ဆိုထားသည်။

ဤသင်ရိုးကို လက်တွေ့အသုံးပြုသည့်အခါတွင်လွယ်ကူဖို့အတွက် ပညာရေး မွမ်းမံသင်တန်း အပတ် စဥ်(၂)ကို ဖွင့်လှစ်ပြီး လေ့ကျင့်ပေးနေကြောင်းသိရသည်။

“ပညာရေးမွမ်းမံသင်တန်း အပတ်စဥ်(၂)ကို ဧပြီလ (၂၂) ရက်နေ့က ဝမ်ဟိုင်းတွင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းဆရာ/ဆရာ မ (၁၇၂)ယောက်တက်ရောက်နေကာ အချိန်တစ်လကျော်ကြာမယ်”ဟု သင်တန်းရဲ့ တာဝန်ရှိသူ ဆရာစိုင်းမိန်းထွန်းက SSPP Info တွင် ပြောသည်။

မွမ်းမံသင်တန်းတွင် ခေတ်မီတဲ့သင်ကြားရေးစနစ်များဖြင့် ကလေးများကို သင်ကြားပို့ချနိုင်ရန် မိခင်ဘာသာစကားနှင့်သင်ကြားနည်းအပြင် ရှမ်းသမိုင်းနှင့် အခြားပညာရပ်တွေကိုလည်း သင်ကြားပေး ကြောင်းသိရသည်။

SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းအစိုးရကျောင်းမရှိသည့်နေရာ၊လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သည့် နေရာများတွင် SSPP/SSAရဲ့ပညာရေးဌာနက၂၀၁၃ ခုနှစ်ကနေ၂၀၂၄ခုနှစ်ထိကျောင်း ပေါင်းတစ်ရာကျော် ကိုတည်ဆောက်ပေးနိုင်ခဲ့ ပြီး အခမဲ့ပညာရေးစနစ် ကိုလည်း ဖော်ဆောင်ပေးနိုင်ခဲ့ ကြောင်း SSPP info တွင်ဖော်ပြထားသည်။

SPP/SSAပညာရေးဌာနကပညာရေးအသုံးစရိတ်အနေနဲ့တစ်နှစ်ကို ကျပ်သိန်း(၅၀၀၀)ကျော် သုံးစွဲခဲ့ကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *