ခမ်းသားငေါဝ်း
မေ ၂၁၊ ၂၀၂၄

အောင်ပန်းတွင် ရိုးရာမီးလုံးပွဲအတွက် ယမ်းထောင်းရာမှ မတော်တဆပေါက်ကွဲ မှုဖြစ်စဥ်တွင် ဒဏ်ရာရခဲ့သူနောက်တစ်ဦးထပ်မံသေဆုံးသွားကြောင်း အောင်ပန်းနာရေးကူညီမှုထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၌ မေလ ၁၄ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် မီးလုံးပြုလုပ်ရာမှ ယမ်းပေါက်ကွဲ မှုဖြစ်စဥ်တွင် ဒဏ်ရာရခဲ့သူ နောက်တစ်ဦးသည် မေလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ထပ်မံသေဆုံးသွားသည်။

”သူကတော့ ဒဏ်ရာအများဆုံးရသွားတဲ့ နှစ်ယောက်ထဲကတစ်ယောက်ပါ၊ ဆေးရုံမှာကုသမှုခံနေစဥ် ရရှိဒဏ်ရာတွေနဲ့သေဆုံးသွားတာဖြစ်တယ်” ဟုအောင်ပန်းနာရေးကူညီမှုအသင်းတာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

သေဆုံးသွားသူမှာ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်နေ အသက် ၅၆ နှစ်အရွယ် ဦးရဲမြင့်(ခ) ကိုငအီး ဖြစ်ပြီး၊ ဒဏ်ရာရရှိပြီး ၆ ရက်အကြာတွင်သေဆုံးသွားကြောင်းသိရသည်။

ယမ်းပေါက်ကွဲမှုဖြစ်စဥ်တွင် ၃ ဦးဒဏ်ရာရရှိခဲ့ပြီး တောင်ကြီးစဝ်စံထွန်းဆေးရုံတွင် ကုသမှုခံနေစဥ် တစ်ဦးမှာ မေလ ၁၇ ရက်နေ့တွင် သေဆုံးသွားခဲ့ပြီး နောက်တစ်ဦးသည် မေလ ၂၀ ရက်နေ့တွင် သေဆုံးသွားကာ ကျန်တစ်ဦးမှာ ကုသမှုခံယူနေဆဲ ဖြစ်ကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *