ခမ်းသားငေါဝ်း
မေ၂၁၊ ၂၀၂၄

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် RCSS သည် အဖက်ဖက်နှင့်တွေ့ဆုံဆွေးနွေးပြီး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မေလ(၂၁)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

အုပ်ချုပ်ရေးစနစ်များပြုပြင်ပြောင်းလဲပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)သည် အဖက်ဖက်နှင့် တွေ့ဆုံဆွေးနွေးကာ ကြိုးပမ်းသွားမည်ဟု မေလ(၂၁)ရက်နေ့တွင်ကျရောက်သည့် (၆၆)နှစ်မြောက် ရှမ်းအမျိုးသားတော်လှန်ရေးနေ့ တွင်ထုတ်ပြန်ပြောဆိုထားသည်။

မတရားမှုများကို‌တော်လှန်ရာ၌ ရှမ်းပြည်နယ်ရှိပြည်သူလူထုတိုင်းတွင် တာဝန်ရှိသဖြင့် တော်လှန် ရေးဆင်နွဲရာတွင် ရှမ်းပြည်လူထုများလည်း ပူးပေါင်းပါဝင်ဆင်နွဲကြရန်လည်း တိုက်တွန်းထားသည်။

ပြဿနာအရပ်ရပ်ကိုဖြေရှင်းရာမှာလည်း RCSS သည် ငြိမ်းချမ်းသည့်တွေ့ဆုံမှုဆွေးနွေးခြင်းနည်းလမ်းဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေဆုံဖြေရှင်းသွားမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ် အသိသက်သေနိုင်ငံများအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြဿနာများဖြေရှင်းရာတွင် ပါဝင်ကူညီဖြေရှင်းပေးကြပါရန်လည်း တိုက်တွန်းပြောဆိုထားသည်။

ရှမ်းအမျိုးသားတော်လှန်ရေးနေ့သည် တော်လှန်ရေးခရီးတစ်လျှောက်တွင် ကျဆုံးသွားသည့် မျိုးချစ် စိတ်ပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များနှင့် ကိုယ်လက်အင်္ဂါများ ပေးလှူခဲ့ကြသည့် တော်လှန်ရေးသမားများအား ဂုဏ်ပြုအသိမှတ်ပြုသော နေ့ထူးနေ့မြတ်ကြီးဖြစ်ကြောင်း သိရသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *