ခမ်းသားငေါဝ်း
မေ ၂၂၊ ၂၀၂၄

ပင်လောင်းမြို့နယ် နောင်ကတူးရွာတွင်မိုးကြီး လေပြင်းတိုက်ခတ်မှုကြောင့် စိုက်ခင်းအချို့နှင့် နေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ နောင်ကတူးရွာတွင် မေလ၂၁ ရက်နေ့က မိုးကြီး လေပြင်းတိုက်ခတ်မှုကြောင့် လမ်း၊ စိုက်ခင်းအချို့နှင့် လူနေအိမ်ပျက်စီးခဲ့သည်။

“လမ်းတွေ ၊ရွာနားက စိုက်ခင်းတစ်ချို့ ပျက်စီးတယ်။အိမ်သုံးလုံးပျက်စီးတယ်။ ကျန်အိမ်တွေတော့ နည်းနည်စီပျက်စီးတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကို ပြောသည်။

အလားတူ မေလ၂၁ ရက်နေ့တွင်လည်း မိုးကြိီးလေပြင်းတိုက်ခြင်းကြောင် ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ စစ်ရှောင်စခန်းများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

မိုးစလာသည့် ယခုနှစ်တွင် လေပြင်းပါ တိုက်ခတ်ခြင်းကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး၊ဆီဆိုင်၊ပင်လောင်း၊ ပင်းတယ မြို့နယ်ရှိကျေးရွာများတွင် နေအိမ်၂၀ လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *