ခမ်းသားငေါဝ်း
မေ ၂၁၊ ၂၀၂၄

ဆောင်လန်စစ်ဘေးရှောင်စခန်းတွင် မိုးကြီးလေပြင်းတိုက်ကြောင့် စစ်ဘေးရှောင်တဲ ၄ လုံး ပျက်စီးခဲ့ရကြောင်း စစ်ဘေးရှောင်ကူညီသူထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ-ပင်လောင်း နယ်စပ်ရှိ ဆောင်လန်စစ်ရှောင်စခန်းတွင် မေလ၂၁ ရက်နေ့က မိုးကြီးလေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်တဲ ၄ လုံးပျက်စီးခဲ့ရကြောင်း သိရသည်။

“လေကအရမ်းပြင်းတယ်။ လေတွေ တဲကိုသမလိုလိုတောင်ဖြစ်သွားတယ်။ ပျက်စီးသွားတဲ့တဲတော့ပြန်ပြင်ပြီး မိုးကာတော့ တိပ်နဲ့ဘဲ ဖာပြီး အဆင်ပြေသလို ပြန်လုပ်ကြတယ်”ဟု စစ်ဘေးရှောင် ကူညီတစ်ဦးကပြောသည်။

ဆောင်လန်စစ်ရှောင်စခန်းတွင် အလှူရှင် လာရောက်ခြင်းလည်း မရှိသောကြောင့် ဆန်၊ မိုးကာ၊ ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရသည်။

စစ်ရှောင်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့် လက်နက်ကြီးပစ်ခတ်မှု ၊ဒရုန်း၊ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှု မကြာခနရှိနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၃၅ စု လှုဦးရေ ၁၂၅ ဦးရှိကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *