ခမ်းသားငေါဝ်း
မေ ၂၁၊ ၂၀၂၄

ဝင်ငွေမရှိဘဲ စစ်ရှောင်နေရချိန် ဟိုပုံးမြို့နယ် မဲနယ်တောင်‌ဒေသတွင် PNO ပြည်သူ့စစ်က ဆက်ကြေးမကြာခနကောက်ခံလာခြင်းကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ‌သည်ဟု ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်တကြောရှိ ရွာများတွင် PNO ပြည်သူ့စစ်က လုံခြုံရေး အတွက်ဟုဆိုကာ ဆက်ကြေးများမကြာခနကောက်ခံနေပြီး တိုက်ပွဲကြောင့်စစ်ရှောင်နေခဲ့ရ၍ ပြန်လည်ထူထောင်မှုများပြုလုပ်နေရသည့် အခြေအနေကြောင့် ဝင်ငွေမရှိသည့်အတွက် ဒေသခံများအခက်အခဲဖြစ်နေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၃ လပိုင်းတုန်းက လုံခြုံရေးအတွက်လို့ပြောပြီးတစ်အိမ် ငါးသောင်းတစ်ခါကောက်တယ် ခုလည်း လုံခြုံရေးတွက်ဆိုပြီး ငါးသောင်းထပ်ကောက်ပြန်တယ် စစ်ရှောင်လို့ စိုက်ပျိုးထားတာတွေထားခဲ့ရပြီး ဝင်ငွေမရှိတဲ့ကြား စားရေးသောက်ရေးတောင်အနိုင်နိုင် နလန်ပြန်ထူနေရတဲ့အချိန်မို့လို့ အရမ်းခက်ခဲတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မဲနယ်တောင်ဒေသ တွင် PNO ပြည်သူ့စစ်က တစ်လ ၅ သောင်း ဆက်ကြေးကောက်ခံနေကြောင်းသိရသည်။

PNOပြည်သူ့စစ်သည် စစ်အသုံးစရိတ်၊လုံခြုံရေးစသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ ဒေသခံပြည်သူများထံ ဆက်ကြေးများအဆမတန်ကောက်ခံနေကာ စစ်သားအတင်းခေါ်ယူစုဆောင်းမှုများပြုလုပ်နေသည်ဟုလည်းသိရပါသည်။

#PPV008