ခမ်းသားငေါဝ်း
မေ ၂၀၊ ၂၀၂၄
ပင်လောင်းတောင်ဘက်ရှိ စစ်ဘေးရှောင်စခန်းများတွင်စားနပ်ရိက္ခာနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်နကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်းတောင်ဘက်ရှိ သစ်ပင်ကောက်၊လွယ်ဖွီး၊ပင်စုံ၊လွယ်ကျိုင်း၊ကုန်းပေါ၊ ဟိုဝိုး၊ ဒေါပေါ်ကလဲ၊ ဆောင်းလန်၊ဗန်းမောက်စသည့်စစ်ရှောင်စခန်းများတွင်အလုပ်အကိုင်ရှားပါးလာပြီး စားနပ်ရိက္ခာအပြင် ဆေးခန်းများမရှိသည့်အတွက် ကျန်းမားရေးစောင့်ရှောက်မှုများ လိုအပ်နေသည်။
“စစ်ရှောင်တွေက အကူအညီမရတာလည်းတော်တော်ကြာပြီ အများစုက နေ့စားအပေါ်မှာပဲမူတည်ကြရတော့ အလုပ်ကလည်းရှားတော့အဆင်မပြေကြဘူး ကျွန်တာ်ရတဲ့အကူအညီကလည်းနဲတော့ သိပ်မထိရောက်ဘူး စားနပ်ရိက္ခာအဓိက ဆန်၊ဆီ၊ဆားတွေအရမ်းလိုအပ်တယ် ဆေးခန်းလည်းမရှိတော့ဖျားနာတဲ့အချိန်အရမ်းခက်ခဲတယ် အထူးသဖြင့်ခလေးတွေပေါ့”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။
ယင်းစစ်ဘေးရှောင်စခန်းများတွင် ယခုလက်ရှိလူဦးရေ ၇၀၀၀ ကျော်ခန့်ရှိနေပြီး ရေလည်းရှားပါးသည့်အတွက် အခက်အခဲများစွာကြုံ တွေ့နေရကြောင်းလည်းသိရသည်။
ပင်လောင်းတောင်ဘက်တိုက်ပွဲကြောင့် ပြည်သူများတိမ်းရှောင်ခဲ့ရပြီး ယခုလက်ရှိအချိန်တွင်တိုက်ပွဲမဖြစ်သော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် ပြည်သူနေအိမ်များနှင့်ဘာသာရးအဆောက်အအုံများ ပျက်စီးနေရကြောင်းလည်းသိရပါသည်။
#PPV008