ခမ်းသားငေါဝ်း
မေ ၂၀၊ ၂၀၂၄
အောင်ပန်းမြို့တွင် ဆိုင်ကယ်နှင့် တွဲကားချိတ်မိရာမှ ဆိုင်ကယ်မောင်းသူ သေဆုံးသွားပြီး၊ တွဲကားမှာ ဆက်လက်မောင်းပြေးသွားကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ အထွက် ကပရ ရုံးရှေ့အနီး လမ်းမ၌ မေလ ၁၈ ရက်နေ့ည ၄ နာရီဝန်းကျင်ခန့်တွင် ဆိုင်ကယ် နှင့် ကားချိတ်မိ၍ ဆိုင်ကယ်မောင်းသူမှာ သေဆုံးသွားခဲ့ပြီး တွဲကားမှာ မောင်းပြေးသွားသည်။
“ကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့ ဆိုင်ကယ်သမားကလမ်းပေါ်မှာ လှဲကျနေတယ်၊ ဆိုင်ကယ်ကတော့အဝေးကြီးကိုလွင့်သွားတယ်၊ နဖူးမှာလည်း ချိုင့်ဝင်ဒဏ်ရာရထားတယ်၊ ကားသမားတော့ မောင်းပြေးသွားပြီလို့သိရတယ် လို့” အောင်ပန်းနာရေးကူညီမှုအသင်းတာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ဒဏ်ရာရလူနားအား အောင်ပန်းအရေးပေါ်ဌာန သို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံရောက်ပြီး မိနစ် ၂၀ ခန့်အကြာ ဆေးကုသနေစဥ်အတွင်း သေဆုံးသွားကြောင်း ၎င်း ကဆက်ပြောသည်။
သေဆုံးသွားသောသူမှာ အောင်ပန်းမြို့၊ အေးသာယာနယ်မြေ ၁ နေ ဦးကရင်ဖြစ်ပြီး အောင်ပန်းဆေးရုံ ရင်ခွဲရုံသို့ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
PPV003