ခမ်းသားငေါဝ်း
မေလ၁၉၊ ၂၀၂၄

ကျဆုံးခဲ့သည့်ရဲဘော်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှမ်းတောင် (SSPDF)၊ အမှတ် (၁၀၀၅) တပ်ရင်းအနေနဲ့ တော်လှန်ရေး ပိုအားစိုက်သွားမည်ဟုပြောဆိုလိုက်သည်။

ကရင်နီပြည်နယ်အတွင်းရှိ စစ်မျက်နှာပြင်တွင် မေလ ၁၅ ရက်နေ့ ၌ တိုက်ပွဲဝင်နေစဥ်အတွင်းကျဆုံးသွားသော ရဲဘော် ၃ ဦးအတွက် စျာပနာအခမ်းအနားပြုလုပ်ပေးခဲ့ကြောင်း SSPDF (၁၀၀၅) တပ်ရင်းက မေလ ၁၇ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။

” တော်လှန်ရေးကိုအဆုံးထိသွားကြမှာပါ၊ ကျဆုံးသွားတဲ့ရဲဘော်တွေအတွက်တော့ ကောင်းရာသုဂတိလားပါစေ၊ ငြိမ်းချမ်းစွာအနားယူပါလို့ပြောချင်ပါတယ်” လို့ SSPDF တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ရဲဘော်ကျဆုံးသွားသည့်အတွက် ဆထက်တပိုးပိုကြိုးစားသွားမည်ဖြစ်ကြောင်း၊ ယခုလိုကျဆုံးသွားသည့်ရဲဘော်တွေရဲ့ မိသားစုနှင့်ထပ်ထူ ဝမ်းနည်းမိကြောင်း၊ အင်မတန်မှ နမြောမိကြောင်း ၎င်း ကဆက်ပြောသည်။

ကျဆုံးသွားသော ရဲဘော် အာကြီး၊ ရဲဘော် စိုးကြီးနှင့် ရဲဘော် white တို့အတွက် မေလ ၁၆ ရက်နေ့တွင် တရားနာခြင်း၊ ဂုဏ်ပြုအလေးပြုခြင်း နှင့် အမိန့်ပြန်တမ်းထုတ်ပြန်ခြင်း၊ မြေမြုပ်သဂြိုလ်ခြင်းဖြင့် စျာပနာအခမ်းအနားပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *