ခမ်းသားငေါဝ်း
မေ ၂၀၊ ၂၀၂၄

ပင်လောင်း-ပေါင်းလောင်း-နေပြည်တော်ပြည်ထောင်စု လမ်းမကြီးသည် စစ်ကောင်စီ ပြန်လည် ဖွင့် ပြီဖြစ်ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်း ပင်လောင်း-ပေါင်းလောင်း-နေပြည်တော်လမ်းမကြီးအား မေလ၂ ရက်နေ့တွင် စစ်ကောင်စီက စတင်ပိတ်ထားခဲ့ပြီး နှစ်ပတ်ကြာပြီးနောက် မေလ ၁၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“ခုပြန်ဖွင့်ပြီ လမ်းပေါ်တော့ ဂိတ်တွေ တိုးဖွင့်လာတာရှိတယ်။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လမ်းပိတ်ဆို့ထားသည့်အချိန်တွင် ပေါင်းလောင်းဒေသတစ်ခုလုံး ကုန်စည်စီးဆင်းမှုပြတ်လပ်ခြင်း ကုန်စျေးနူန်းမြှင့်တက်လာခြင်း၊ ကျန်းမာရေးအတွက် ဆေးရုံသွားလာရန် အခက်အခဲဖြစ်ခြင်း၊ စက်သုံးဆီများမြှင့်တက်ခြင်းများ ကြုံတွေ့ခဲ့ရ ကြောင်း သိရသည်။

ယင်းလမ်းသည် ပင်လောင်း-လိန်းလီ-ပေါင်းလောင်း-ကင်သာ-နေပြည်တော် သို့ အဓိကဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်ပြီး ပင်လောင်းမြို့နယ်ရှိ ပေါင်းလောင်းဒေသတစ်ခုလုံးအတွက် အဓိကအားထားရာလမ်းမကြီးလည်းဖြစ်ကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *