ခမ်းသားငေါဝ်း
မေလ ၁၇၊ ၂၀၂၄

အောင်ပန်းတွင် ရိုးရာမီးလုံးပွဲအတွက် ယမ်းထောင်းရာမှမတော်တဆပေါက်ကွဲ၍ ဒဏ်ရာရခဲ့သောအမျိုးသား ၃ ဦးအနက် ၁ ဦးသေဆုံးသွားကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၌ မေလ ၁၄ ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးလုံးပြုလုပ်ရာမှ ယမ်းပေါက်ကွဲမှုဖြစ်စဥ်တွင် ဒဏ်ရာရခဲ့သူ ၃ ဦးအနက် ၁ ဦးမှာ ယနေ့မနက် ၂ နာရီဝန်းကျင်ခန့် တွင်သေဆုံးသွားကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှသိရသည်။

”သူကတော့ ဒဏ်ရာအများဆုံးရထားတဲ့တစ်ယောက်ပါ၊ အော်ပရေးရှင်းဝင်ရင်းဆုံးသွားတာ၊ ကျန်တဲ့နှစ်ယောက်တော့ စောင့်ကြည့်အနေအထားမှာပဲရှိနေတယ်” ဟုအောင်ပန်းနာရေးကူညီမှုအသင်းတာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

မတော်တဆမှုမှ ဒဏ်ရာရခဲ့သည့် ကလောမြို့နေ ကိုလွင်ဦး ၂၄ နှစ်သည် ပြင်းထန်သည့် မီးလောင်ဒဏ်ရာကြောင့် ကုသနေရင်း ‌သေဆုံးသွားကြောင်းသိရသည်။

ဒဏ်ရာရခဲ့သူ ၃ ဦးလုံးကို တောင်ကြီးစဝ်စံထွန်းဆေးရုံတွင်ကုသခဲ့တာဖြစ်ပြီး၊ ဒဏ်ရာရရှိပြီး သုံးရက်အကြာတွင်တစ်ဦး သေဆုံးသွားကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *