ခမ်းသားငေါဝ်း
မေလ ၁၇၊ ၂၀၂၄

စတားလင့်အင်တာနက် စျေးနှုန်းကောက်ခံမှု စျေးကြီးခြင်းကြောင့် စစ်ရှောင်ပြည်သူအချို့ အင်တာနက်အသုံးပြုရန် အခက်အခဲ ဖြစ်နေကြောင်းသိရသည်။

အင်တာနက်ဖြတ်တောက်ထားခံရသည့် ကရင်နီပြည်နယ်နှင့် ဖယ်ခုံအနောက်ဖက်ခြမ်း နေရာများတွင် စတားလင့်အင်တာနက်ဖြင့်အသုံးပြုရပြီး စျေးနှုန်းကောက်ခံမှုကြီးမြင့်ခြင်းကြောင့် စစ်ရှောင်ပြည်သူအချို့ မိသားစုနှင့်ဆက်သွယ်ပြုလုပ်ရာ အခက်အခဲဖြစ်သည်။

“အဒေါ်တို့က စစ်ဘေးရှောင်တွေဆိုတော့ အလုပ်လည်းမရှိ၊ ဝင်ငွေလည်းမရှိဘူးလေ၊ အင်တာနက်လည်းအမြဲမသုံးနိုင်တော့ အဝေးရောက်နေတဲ့သားသမီးတွေနဲ့ ဆက်သွယ်ဖို့ခက်တယ်၊တစ်ပါတ်မှ တစ်ခါလောက်ပဲ စကားပြောရတယ်” ဟုစစ်ဘေးရှောင်ပြည်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထိုစစ်ရှောင်နေသည့်နေရာတွင်အင်တာနက်ကို တစ်နာရီကို နှစ်ထောင်ကျပ်ပေးရကြောင်း၊ စစရာရာဝယ်နေရတော့ အမြဲအသုံးမပြုနိုင်ကြောင်း၊ လူအများကြီးသုံးကြတော့ အင်တာနက်လိုင်းလည်း မကောင်းကြောင်း၎င်း ကဆက်ပြောသည်။

စတားလင့်အင်တာနက် ကို နေရာအချိုတွင့် ၁ နာရီကို တစ်ထောင်မှ နှစ်ထောင်ကျပ်အထိကောက်ခံလျက်ရှိပြီး ဝေးလံခေါင်ဖျားသောနေရာများတွင် သုံးထောင်ကျပ်နှင့်အထက်ကောက်ခံနေကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *