ခမ်းသားငေါဝ်း
မေလ ၁၈၊ ၂၀၂၄

စစ်ကောင်စီလက်နက်ကြီး ထိမှန်၍ နန်းတုတ်ရွာထဲရှိ ဘုန်းကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊နန်းတုတ်ကျေးရွာတွင် မေလ ၁၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ကျေးရွာထဲရှိ ဘုန်းကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

” လူတွေကမရှိတော့ဒီနေ့မှ ရှင်းလင်းရေးလုပ်မှတွေ့တာ။ပြတင်းပေါက်တွေ တံခါးတွေလက်နက်ကြီး ထိတယ်။အမိုးတော့ နဲနဲပဲထိတယ်”ဟု ရွာခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

နန်းတုတ်ကျေးရွာသည် ပြီးခဲ့သည့် မေလ ၇ ရက်နေ့ကစပြီး ရွာထဲစစ်ကောင်စီလက်နက်ကြီး ပစ်ခတ်လာခြင်းကြောင့် ရွာသားများထွက်ပြေးခဲ့ရပါသည်။

ယခုတွင် လက်နက်ကြီးပစ်ခတ်မှုရှိနေ သေးသဖြင့် ရွာသားများ နေအိမ်ပြန်လာနိုင်ခြင်းမရှိသေးကြောင့်သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊တိုက်ပွဲဖြစ်ပွားသည့် ၁၁၂ ရက်အတွင်းတွင် ဘာသာရေးအဆောက်အအုံ၂၆ ခု ပျက်စီးခဲ့ရကြောင်း ပအိုဝ်းလူငယ်အစည်း အရုံး PYO ထုတ်ပြန်ချက်အရသိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *