ခမ်းသားငေါဝ်း
မေ ၁၆ ၊ ၂၀၂၄

ဝဲကြီးထောင့်ကျေး​ရွာရှိ တိုက်နယ်ဆေးရုံအား စစ်ကောင်စီက ဗုံးကြဲခဲ့ရာ ဆေးရုံဝန်ထမ်း၊ လူနာနှင့် လူနာစောင့်အပါအဝင် ၂၀ ဦးထက်မနည်းဒဏ်ရာရရှိသွားပြီး သေဆုံးမှုအချို့ရှိနေကြောင်း ရခိုင်တပ်တော် AA ကထုတ်ပြန်ထားပါသည်။

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ဝဲကြီးထောင့်ကျေး ​ရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီက မေလ ၁၅ ရက်နေ့တွင် ဗုံးကြဲခဲ့ပြီး ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးသွားသည်၊၊

ရခိုင်ဒေသအတွင်း စစ်ရှုံးနေသည့် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ဆေးရုံ၊ စျေးများကိုဦးတည်ပစ်ခတ်တိုက်ခိုက်ကာ အရပ်သားပြည်သူများအား အစုလိုက်လိုက်အပြုံလိုက် သတ်ဖြတ်နေသည်ဟု AA ကပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲ ၆ လသာအတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၁၆၀,၀၀၀ ကျော်အထိ ရှိနေပြီး စားနပ်ရိက္ခာ၊အမိုးအကာ၊သောက်သုံးရေ၊ဆေးဝါး စသောအရေးပေါ်လိုအပ်ချက်များ မြင့်မားလျက်ရှိကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *