ခမ်းသားငေါဝ်း
မေ ၁၆၊ ၂၀၂၄

ယနေ့မနက်တွင် ပြည်တွင်းအခေါက်ရွှေ တကျပ်သားလျှင် ၄၉ သိန်း ၉ သောင်း ကျပ်အထိမြင့်တက်လာနေသည်ဟု ရွှေရောင်းဝယ်သူများထံမှသိရပါသည်။

မေလအစတွင်ရွှေစျေးတကျပ်သားလျှင် ၄၇သိန်းကျော်အထိရှိနေခဲ့ပြီး ယခုလက်ရှိတွင် သိန်း ၅၀ နီး ပါးအထိရှိလာနေပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာပြီး နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်လာသည့်အတွက်ကြောင့် ရွှေစျေးနှုန်းများ တဟုန်ထိုးမြင့်တက်လာရသည်ဟုလည်းသိရပါသည်။

“အာဏာစသိမ်းပြီးကတည်းက အကုန်လုံးစျေးတက်နေခဲ့တာ ရွှေစျေးဆိုလည်းအဲချိန်ကစပြီးမြင့်တက်နေတာကနေခုဆိုရင် သိန်း၅၀နီးပါးအထိတောင်ဖြစ်လာပြီပေါ့နော် အဓိကမြန်မာငွေကျပ်တန်ဖိုးကကျဆင်းနေတော့‌ပိုဆိုးတာပေါ့”ဟု ရွှေရောင်းဝယ်နေသူတစ်ဦးကပြောသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင်ရွှေကုန်သည်အသင်းသတ်မှတ်ဈေး ၃၉ သိန်း ၉ သောင်း ၉ ထောင် ၆ ရာ ကျပ်ရှိပြီး ပြင်ပပေါက်ဈေး ၄၉ သိန်း ၉ သောင်းကျပ်အထိရှိကာ ၁၅ ပဲရည်တစ်ကျပ်သားလျှင် ရွှေကုန်သည်အသင်းသတ်မှတ်ဈေး ၃၇ သိန်း ၄ သောင်း ၉ ထောင် ၆၂၅ ကျပ် အထိရှိကာ ပြင်ပပေါက်ဈေးသည် ၄၆ သိန်း ၅ သောင်း ၅ ထောင်ကျပ်အထိရှိနေသည်။

နိုင်ငံရေးမတည်ငြိမ်မှုနှင့် စျေးကွက်မတည်ငြိမ်မှုကြောင့် ရွှေစျေးနှုန်းများလည်း အချိန်နှင့်တပြေးညီပြောင်းလဲနိုင်သည့်အတွက်ကြောင့် ခန့်မှန်းမရကြောင်းလည်း၎င်းကဆက်ပြောသည်။

စစ်ကောင်စီအာဏာစသိမ်းချိန်မှစပြီးမြန်မာနိုင်ငံတွင် ကုန်ပစ္စည်းများအဆမတန်မြင့်တက်လာပြီး ရွှေစျေးနှုန်းသည်လည်းမြန်မာနိုင်ငံတစ်လျှောက်တွင် အမြင့်ဆုံးစံချိန်တင်ခဲ့သည်ဟုလည်းသိရပါသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *