ခမ်းသားငေါဝ်း
မေလ ၁၅၊ ၂၀၂၄

တအာင်းတပ်မ‌တော်(PSLF/ TNLA )ထိန်းချုပ်နယ်မြေအတွင်း Non-CDM ဝန်ထမ်းများအား လုပ်ငန်းတာဝန်မှရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း PSLF/ TNLA မေလ(၁၅) ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်‌ ရေး”ကာလ၌ တအာင်းတပ်မတော်(PSLF/ TNLA)မှ သိမ်းပိုက်ရရှိထားသည့်နယ်မြေများအတွင်းတွင်ရှိသည့် Non-CDMဝန်ထမ်းများ လက်ရှိအချိန်ကာလတွင် ၎င်းတို့၏လုပ်ငန်းတာဝန်မှရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း PSLF/ TNLAက အသိပေးကြေညာထားသည်။

သတ်မှတ်ချက်အရ ပြစ်မှုကျူးလွန်သည်ဟု သံသယ ရှိသည့် Non-CDMဝန်ထမ်းများအား အပြစ်ပေးအရေးယူနိုင်ရန် သက်ဆိုင်ရာမှဖမ်းဆီးအရေးယူခြင်း၊ တိုင်ကြားမှုအရ ဖမ်းဆီးပြီး အဆင့် ဆင့်စစ်ဆေး အရေးယူခြင်းများနှင့် သတ်မှတ်သည့် စီမံချက်အရ အပြစ်ပေးအရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

တအာင်းတပ်မတော်(PSLF/ TNLA)ထိန်းချုပ်နယ်မြေအတွင်း ဆက်လက်နေထိုင်သည့် Non-CDM ဝန်ထမ်းသည် စကစ-စစ်အုပ်စုထံမှ လစာ/ငွေကြေးများထုတ်ယူခြင်း၊ လုပ်ငန်းပူးတွဲဆောင်ရွက်ခြင်း၊ လုပ်ငန်းအစီရင်ခံစာများ ပေးပို့ခြင်းစသဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းများတွေ့ရှိပါက အပြစ်ပေးအရေယူသွားမည်ဟုလည်း ဆိုထားသည်။

လက်ရှိအချိန်တွင် PSLF/ TNLAအုပ်ချုပ်နယ်မြေအတွင်း လူထုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်‌ရေးကို ဦးတည်သည့်စီမံအုပ်ချုပ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာဒေသခံပြည်သူလူထုနှင့်အတူ ပူးပေါင်းကာ ယခင်ကထက်ပိုမိုလက်တွေ့ကျကျ အ‌ကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ရှမ်းမြောက်တွင်ရှိသည့် နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံစသည့်မြို့များကို “၁၀၂၇စစ်ဆင်ရေး”အတွင်း၌ တ‌အာင်းတပ်မတော်(PSLF/ TNLA)မှ သိမ်းပိုက်ရရှိခဲ့ပါသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *