ခမ်းသားငေါဝ်း
မေ ၁၅၊ ၂၀၂၄
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် မသန့်သည့်ရေ သောက်သုံး၊သုံးစွဲ နေရသဖြင့် အကျဉ်းသားများ ရောဂါမျိုးစုံခံစားနေရကြောင်း မြန်မာနိုင်ငံအကျဉ်း သားများကွန်ရက် PPNM မှ မေလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
အကျဥ်းထောင်များတွင် ထုံးဓာတ်ပါသည့် ရေများကို သောက်ရခြင်း၊ ရေဝဝလင်လင် မသောက်ရခြင်းတို့ကြောင့် ဗီတာမင်ဓာတ်ချို့တဲ့ပြီး၊ အောက်ပိုင်းချည့်နဲ့ လေဖြန်းရောဂါများသာမက အရေပြား ရောဂါလည်း ဖြစ်ပွားနေကြကြောင်း သိရသည်။
သောက်သုံးရေ ဆိုးဝါးနေသည့် ထောင်များသည် အင်းစိန်၊ မြင်းခြံ၊ မိတ္ထီလာ၊ ပုသိမ်၊ ပြည်၊ မြစ်ကြီးနား၊ သာယာဝတီ၊ ပခုက္ကူ၊ ဖျာပုံ၊ ဂန့်ဂေါ၊ ကသာ၊ ကလေး ထောင်များဖြစ်ကြပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
PPNM အနေဖြင့်အကျဥ်းထောင်များကို မျက်ခြေမပြတ် စုံစမ်းလျှက်ရှိပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကျူးလွန်သူများ ၊ ကျူးလွန်ခံရသူများအားစနစ်တကျမှတ်တမ်းတင်ထားပြီး ကျူးလွန်သူများသည် ၎င်းတို့၏ကျူးလွန်မှုအတွက်တာဝန်ခံရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပြောထားပါသည်။
PPV005