ခမ်းသားငေါဝ်း
မေ ၁၅ ၊ ၂၀၂၄

ကေအဲန်ယူ- ထောတထူမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်အမျိုးသမီးအပါအဝင် ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားကြောင်း ကေအဲန်ယူ-ဗဟို ကမေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်၊ ထောတထူ(ထန်းတပင်) မြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းအုပ်စု ရွာလေးကုန်းရွာအတွင်းသို့ ဇရပ်ကြီးအခြေစိုက် စစ်ကောင်စီတပ် ခလရ-၇၂ က မေလ ၁၃ ရက်နေ့ ည ၉ နာရီခန့်အချိန်တွင် ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်ခဲ့ခြင့်ကြောင့် သေဆုံးသူ၊ ဒဏ်ရာသူများရှိခဲ့သည်။

အဆိုပါပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်၍ ဦးကျော်စိန် (၈၄) နှစ်၊ မငွေရီ (၅၂) နှစ်၊ ကိုဌေးနိုင် (၄၉) နှစ်၊ မအိဖူးသော် (၁၈) နှစ်တို့ ၄ ဦးသေဆုံးခဲ့ပြီး အခြားရွာသား ၃ ဦးထိခိုက်ဒဏ်ရာရသွားကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *