ခမ်းသားငေါဝ်း
မေ ၂၄ ၊ ၂၀၂၄

အခက်ခဲအမျိုးမျိုးအကြားမှ ပအိုဝ်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့-ခမ်းကောင်(PNDF-KK)၏ စစ်အခြေခံသင်တန်းအမှတ်စဉ်-၃ ကို မေလ ၁၃ ရက်နေ့တွင်သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း PNDF-KK ကဆိုသည်။

၎င်းသင်တန်းဆင်းပွဲကို ရှမ်း-ကရင်နီနယ်စပ်တစ်နေရာတွင်ပြုလုပ်ခဲ့ပြီး သင်တန်းသားများကိုဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း ၊ဖိတ်ကြားထားသည့်မဟာမိတ်များတက်ရောက်ချီးမြင့်ပေးခြင်း၊အ လံ‌တော် အလေးပြုခြင်းနှင့် သင်တန်းသားနှင့်ဧည့်သည်တော်များအတွက် ပျော်ပွဲရွှင်‌ပွဲတချို့များပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“၁၃ ရက်နေ့သင်တန်းဆင်းပွဲပြုလုပ်ပြီး ၁၄ ရက်နေ့ရောက်တော့ သင်တန်းသားတွေကိုစုပြီးတော့တပ်ရင်းအပ်နှံပွဲတွေလုပ်တယ် တပ်ရင်းအပ်နှံပွဲမှာသစ္စာရေတွေသောက်ကြတယ် အလံကိုအလေးပြုကြတယ် ကျမ်းကျိန်ဆိုကြတယ် ပြီးတော့တပ်ဖွဲ့ဝင်တွေအနေနဲ့ တပ်ရင်းကိုပြန်အပ်တဲ့အခမ်းအနားပြုလုပ်ခဲ့ပါတယ်”ဟု PNDF-KKမှတာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

PNDF-KK ကိုဖွဲ့စည်းရခြင်းရည်ရွယ်ချက်သည် စစ်အာဏာရှင်စနစ်မြစ်ပြတ်ချေမှုန်းရေး နှင့်နွေဦးတော်လှန်ရေးတွင် ပအိုဝ်းအင်အားစုတစ်ခုအနေနှင့်ပါဝင်စေရေးဖြစ်ပြီး ပြီးခဲ့သည့်ဧပြီလ ၁၅ ရက်နေ့တွင် နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“အခက်အခဲစိန်ခေါ်မှုအမျိုးမျိုးရှိခဲ့တော့ လောလောဆယ်မှာသင်တန်းပြီးသွားတဲ့အတွက်လည်းကျွန်တော်တို့အနေလည်းသင်တန်းသား‌ တွေ ကိုတော်တော်လေးကိုဂုဏ်ယူမိတယ် အခက်အခဲအမျိုးမျိုးကြားကသင်တန်းပြီးမြောက်သွားတဲ့ရဲဘော်အသစ်လေးတွေကိုလည်းလေးစားပါတယ် သူတို့နဲ့အတူတူရှေ့ဆက်ပြီးလက်တွဲသွားဖို့လည်းမျော်လင့်ထားပါတယ်”ဟု၎င်းကဆက်ပြောပါသည်။

PNDF-KK ကို ၂၀၂၂ ခုနှစ်ဧပြီလ ၁၅ ရက်နေ့တွင် မြန်မာထိုင်းနယ်စပ်တစ်နေရာ၌ စတင်ဖွဲ့စည်းခဲ့ပြီး PNFC ၏ နိုင်ငံရေးဦးဆောင်မှုဖြင့် လက်ရှိတွင် ရှမ်း-ကရင်နီနယ်စပ်နှင့်ပအိုဝ်းဒေသတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ လက်တွဲတိုက်ပွဲဝင်နေကြောင်းလည်းသိရပါသည်။

PPV008

Leave a Reply

Your email address will not be published. Required fields are marked *