ခမ်းသားငေါဝ်း
မေ ၁၄၊ ၂၀၂၄

အောင်ပန်းမြို့တွင်၊ ရိုးရာမီးလုံးပွဲအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁ လုံးမီးလောင်သွားကာ အမျိုးသား ၃ ဦးဒဏ်ရာရသွားကြောင်း အောင်းပန်းနာရေးကူညီမှုအသင်းမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၌ မေလ ၁၃ ရက်နေ့ ည ၂ နာရီခန့်တွင် မီးလုံးပြုလုပ်ရန်ယမ်းထောင်းရာမှ မတော်တဆပေါက်ကွဲမှုဖြစ်ပွားကာ နေအိမ် ၁ လုံးမီးလောင်သွားပြီး အမျိုးသား ၃ ဦးအပြင်းထန်ဒဏ်ရာရသွားသည်။

” နှစ်ဦးကတော့ တစ်ကိုယ်လုံးမီးလောင်သွားတယ်၊ တစ်ဦးကတော့ ခြေထောက်မီးလောင်သွားတယ်” ဟုအောင်ပန်းနာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပေါက်ကွဲမှုတွင် သုံးဆင့်ဖြစ်ပွားခဲ့ပြီး နေအိမ်မီးလောင်သွားကြောင်း၊ မီးသတ် တပ်ဖွဲ့မှအချိန်မှီ မီးထိန်းချုပ်နိုင်သောကြောင့် အခြားအိမ်များမီးစွဲသွားခြင်းမရှိကြောင်း သိရသည်။

ရိုးရာအရကော၊ ဝါသနာအရကော မီးလုံးပွဲကတော့ နှစ်စဥ်ပြုလုပ်ကြကြောင်း၊ နှစ်တိုင်းလည်းမတော်တဆမှုတွေဖြစ်ပွားမှုရှိပြီး ယမ်းသည်အရမ်းအန္တရာယ် များသည့်အတွက်ကြောင့် သတိဝိရိယ ပိုထားစေလိုကြောင်း၎င်း ကဆက်ပြောသည်။

ဒဏ်ရာရလူနာများကို အောင်ပန်းအရေးပေါ်ငှာနမှ တစ်ဆင့် တောင်ကြီး စဝ်းစံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *