ခမ်းသားငေါဝ်း
မေ ၁၄၊ ၂၀၂၄

ပင်လောင်းမြို့နယ်တွင် အမျိုးသမီးသာရှိသည့်အိမ်ထောင်စုလည်း စစ်မှုထမ်းလွတ်ကင်းခွင့်မရှိဘဲ လူစားထိုးရန် ငွေကြေးဖြင့်လူငှားသွားခိုင်းနေရ ကြောင်း ဒေသခံများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ တောင်ဖက်ကျေးရွာများတွင် PNO ပြည်သူ့စစ်က စစ်မှုထမ်းရန် အိမ်တိုင်းဗလာမပါမဲဖြင့် အလှည့်ကျနိုက်ရပြီး အမျိုးသမီးသာရှိသည့်အိမ်ကမဲကျလျှင် တခြား အမျိုးသားကိုငွေကြေးဖြင့်ငှားပြီး သွားခိုင်းခဲ့ရကြောင်း သိရသည်။

“အမျိုးသမီးပဲရှိရင်လည်း ကင်းလွှတ်ခွင့်မပေးဘူး။ ငွေနဲ့ လူငှားရတယ်။ လူငှားတဲ့ ငွေပမာဏလည်း အများကြီးပေး ရတော့ တစ်ချို့က အခက်ခဲဖြစ်ကြတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

မုဆိုးမ၊ အိမ်ထောင်ကွဲအမျိုးသမီးများအနေနှင့် မိသားစုစားဝတ်နေရေး၊ သားသမီးပညားရေး အပြင် စစ်မှုထမ်းရန် မဲကျပြီးအစားထိုးလူငှားရသည့်အတွက် အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်၊၊

ပင်လောင်းတောင်ဖက်ရှိ ရင်းမှီး၊စင်းတောင်း၊ဝါးလီး၊တင်းထက်၊တောင်လေး ကျေးရွာရှိ ဒေသခံများသည် မတ်လကစပြီး အိမ်တိုင်းအိမ်တိုင်း အလှည့်ကျ မဲနိုက်ပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် သွားရကြောင်းသိရသည်။

ပင်လောင်း-ဖယ်ခုံနယ်စပ်တွင်လက်ရှိ ကရင်နီတော်လှန်ရေးအဖွဲ့နှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံများလည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *