ခမ်းသားငေါဝ်း
မေ ၁၄၊ ၂၀၂၄

အာဏာသိမ်းချိန်မှစ၍ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီလှုပ်ရှားသူနှင့် ပြည်သူစုစုပေါင်း ၅၀၁၂ ဦးအထိရှိလာသည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မေလ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီအာဏာသိမ်းချိန်သုံးနှစ်ကျော်အတွင်း နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဥ်းထောင်များတွင် ထိန်းသိမ်းခံနေရသူစုစုပေါင်း(၁၂၃)ဦးရှိနေပြီဖြစ်ကာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသည့် (၄၃)ဦးအပါအဝင် (၁၁၉)ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရသည့်အတွက်ကြောင့် စုစုပေါင်းသေဒဏ် ချမှတ်ခံထားရသူ (၁၁၆)ဦးအထိရှိလာသည်။

ထို့အပြင်မတရားအာဏာလုမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး ဖမ်းဆီးခံရသူစုစုပေါင်း(၂၆၆၆၇)ဦးရှိပြီဖြစ်ပြီး ယင်းအထဲမှ (၂၀၄၄၆)ဦးက ထိန်းသိမ်းခံရနေဆဲဖြစ်ကာ ထိန်းသိန်းခံရသူများအနက်မှ(၈၉၈၇)ဦးမှာ ထောင်ဒဏ်ချ မှတ်ခံထား ရကြောင်းလည်းဖော်ပြထားပါသည်။

ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ(၆၂၂၁) ဦးအထိရှိကာ အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ(၁၇၅၀)ဝန်းကျင်စရင်းကိုလည်း သီးခြားပြုစုထား ကြောင်းလည်း ထုတ် ပြန်ချက်တွင်ပါရှိသည်။

အလားတူပင်ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် အရပ်သားပြည်သူထူထုအား စစ်ကောင်စီက မတရားဖမ်းဆီးပြီးနောက်အကျဥ်းသားအခွင့်အရေးများကိုလည်း လုံလောက်ပြည့်မှီစွာ ခံစားခွင့်မပေးဘဲ ရည်ရွယ်ရွယ် ချက်ရှိရှိ ချိုးဖောက်လျက်ရှိကြောင်း လည်း ဖော်ပြထားပါသည်။

PPV008

Leave a Reply

Your email address will not be published. Required fields are marked *