ခမ်းသားငေါဝ်း
မေ ၃ ၊ ၂၀၂၄

တိုက်ပွဲအတွင်း MNDAAက ဖမ်းဆီးထားမိသည့် စစ်ကောင်စီတပ်သား ၄၁ ဦးကို လမ်းစရိတ်ပေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း မေလ ၁၂ ရက်နေ့ MNDAA ၏ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားမေလ ၁၀ ရက်နေ့တွင်ပြန်လွှတ်ပေးခြင်းဖြစ်ပြီး ဖမ်းဆီးမိသူ ၁၀၀ ကျော်မှ ယခု ပထမအကြိမ် လွှတ်ပေးခြင်းဖြစ်ကာ ကျန်ရှိသူများကို ဆေးကုသပေးခြင်း၊စိတ်ပိုင်းဆိုင်ရာကုသပေးခြင်းတို့ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

ပြန်လွှတ်ပေးသည့်အထဲတွင် ကိုယ်လက်ဆုံးရှုံးသူ၊သက်ကြီးရွယ်အိုနှင့် ကျန်းမာရေးမကောင်းသူများ အများစုပါဝင်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်သည့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်း စသည့် မြို့များကို MNDAA ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်ထားကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *