ခမ်းသားငေါဝ်း
မေ ၁၃ ၊ ၂၀၂၄

မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာတွင် စစ်ကောင်စီ၏ဖမ်းဆီးသတ်ဖြတ်မှုအပါအဝင် လက်နက်ကြီးကြောင့် သေဆုံးသူ ၃၂ ဦးရှိကြောင်း မေလ ၁၂ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ထုတ်ပြန်ချက်အရသိရသည်၊၊

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာအား မေ ၉ ရက်တွင် စစ်ကောင်စီက ပိတ်ဆို့ပြီး လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း ဘုန်းကြီးကျောင်းတွင်ပုန်းနေသူများ အစုလိုက်အပြုံလိုက်ပစ်သတ်ခြင်းကြောင့် အမျိုးသမီးနှင့်ကလေးအပါအဝင် သေဆုံးသူ ၃၂ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊

လက်နက်ကြီးကြောင့်သေဆုံးသူ ၆ ဦးရှိပြီး ဘုန်းကြီးကျောင်းတွင် ပုန်းခိုနေသူ အမျိုးသမီးနှင့်ကလေး သက်ကြိီးရွယ်အိုများအား ၂၅ ဦးအား ဦးခေါင်းကိုသေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး ဒဏ်ရာရသူ ၁၇ ဦးအားဆေးရုံပို့ဆောင်စဥ် ၁ ဦးသေဆုံးခြင်းကြောင်း စုစုပေါင်းသေဆုံးသူ ၃၂ ရှိကြောင်းဆိုထားသည်၊၊

သေဆုံးသူများမသည် အသက် (၁၅) နှစ်မှ (၆၀) အတွင်း ဖြစ်ပြီး ယခုလို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သည့် ကျူးလွန်မှုများအား စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့၏ ခြေမြန်တပ်မဌာနချုပ် (၃၃) ၏ အမှတ် (၁၃) ခြေမြန်တပ်ရင်း၊ အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပံ့နှင့် ဆက်သွယ်ရေးတပ်ရင်းနှင့် စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသော ပျူစောထီးစုပေါင်းတပ်များ ပါဝင်ပြီး အင်အားစုစုပေါင်း (၇၀) ခန့်ပါဝင်သော ပူးပေါင်းတပ်များက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

​အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အထက်ပါ ကျူးလွန်မှု နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ ကောက်ယူမှတ်တမ်းတင်ထားပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရန် အတွက် ဖြစ်နိုင်သမျှ တရားစီရင်ရေး ယန္တရားများမှတဆင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *