ခမ်းသားငေါဝ်း
မေ ၁၂၊ ၂၀၂၄

သတ်ဖြတ်ခြင်းခံရသည့် ခွန်ဇာခွန်၏ (Canter) အမျိုးအစား ကားကို PNO ပြည်သူ့စစ်ဗိုလ်ကြီးလယ်အဖွဲ့က မိသားစုဝင်များထံ ခြိမ်းခြောက်ပြီး သိမ်းဆည်း ယူ​ဆောင်သွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာနေ ခွန်ဇာခွန်သည် သတ်ဖြတ်ခြင်းခံခဲ့ရပြီးမတ်လ ၁၁ ရက်နေ့ တွင် PNO ပြည်သူ့စစ်ဗိုလ်ကြီးလယ်အဖွဲ့က ခွန်ဇာခွန်ပိုင်သည့်ကားကို PNLO မှထောက်ပံ့ထားသည်ဟုစွပ်စွဲပြီး မိသားစုဝင်းများထံ ခြိမ်းခြောက်ပြီး ယူသွားခဲ့သည်။

” သူ့မိသားစုက ကားရောင်းလိုက်ပြီ ပြောတာကို အဲတာဆို ပိုက်ဆံပေးဆိုပြီးပြောတယ်။ အတင်းအဓမ္မ တောင်းတယ်။ သေနတ်နဲ့လည်း ခြိမ်းခြောက်တော့ကြောက်ပြီး ကားကိုပေးလိုက်ရတယ် မူးမူးနဲ့မနေ့ညက မောင်းပြန်သွားကြတယ်”ဟု ဒေသခံက ပြော သည်။

ခွန်ဇာခွန်၏ကားသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ဆီဆိုင်မြို့အောင်သပြေရပ်ကွက်တွင်ဝယ်ယူထားခြင်းဖြစ်ပြီး ကားပွဲစားများနှင့် ရောင်းသူလည်းခုချိန်ထိ ရှိနေကြောင်း၊ PNLO အဖွဲ့နှင့်လုံးဝသက်ဆိုင်မှုမရှိကြောင်း ဒေသခံက ပြောသည်။

နောက်ဒေသခံတစ်ဦးကလည်း “အမျိုးသမီးတွေဖြစ်တော့ ကြောက်ပြီးပေးလိုက်ရတယ် ဘယ်သူမှလည်းကာကွယ်ပေးမယ့်သူမရှိဘူး အားလုံးကကြောက်နေကြတယ်လေ”ဟုပြောသည်၊၊

ခွန်ဇာခွန်နှင့် ခွန်ပလွန်းသည် ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေးတပ်မတော် PNLAနှင့်ပတ်သက် သည်ဟုစွပ်စွဲပြီး ပြီးခဲ့သည့်မေလ ၉ ရက်နေ့ ည ၈ နာရီတွင် PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်နှင့်အဖွဲ့က ဖမ်းဆီး ညင်းပန်းနိက်စက် သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ခွန်ဇာခွန်သည်နောင်ရင်း ရွာသူကြီးဖြစ်ပြီး ခွန်ဇာခွန်နှင့် ခွန်ပလွန်တို့နှစ်ဦးစလုံးသည် ကျေးရွာ ဖွံ့ဖြိုးရေး၊ ရပ်ရေး၊ရွာရေး ၊ စစ်ဘေးရှောင်များအား ကူညီပေးရေးတို့တွင် တက်ကြွစွာဦးဆောင်ပေးသူများဖြစ်သလို လူငယ်အရေးလည်းတက်ကြွစွာ ဦးဆောင်လမ်းပြပေးသူများဖြစ်ကြကြောင်း သိရသည်၊၊

PPV005

Leave a Reply

Your email address will not be published. Required fields are marked *