ခမ်းသားငေါဝ်း
မေ ၁၂ ၊ ၂၀၂၄

နန်းတုတ်ရွာထဲ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ရွာထဲ မေလ ၁၀ ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီလက်နက်ကြီးဖြင့် ၈ ကြိမ် ပစ်ခတ်လာခဲ့ခြင်းကြောင့် လူနေအိမ်များပျက်စီးခဲ့ရသည်။

“လူထိခိုက်မှုမရှိဘူး။ အိမ်သုံးလုံးနဲ့ မီးတိုင်တွေပျက်စီးသွားတယ်။ရွာသားတွေတော့ ခုရှောင်ရပြီ”ဟု ရွာခံအမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ထိုအပြင် မေလ ၁၁ ရက်နေ့တွင်လည်း လွယ်ကျိုင်းရွာဖက်အား စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လာပြီး ထိခိုက်မှုများ မသိရသေးကြောင်း သိရသည်။

“လွယ်ကျိုင်းဖက် လည်းရှောင်ကြရပြီ။တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ သူတို့က ပစ်ခတ်လာတာ”ဟု ၄င်းကဆက်ပြောသည်။

နန်းတုတ်ရွာသားများသည် လုံးကန်၊စံကားမြို့ဟောင်းဖက်ကို ရှောင်သွားကြပြီး လွယ်ကျိုင်းရွာသားများသည် ပင်လောင်းမြို့နယ်ဘက်သို့ အများစု ရှောင်သွားကြကြောင်း သိရသည်။

ယင်းစစ်ရှောင်များသည်မိုးကာ၊ စားနပ်ရိက္ခာများ၊ဆေးဝါးများ၊ ရေများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *