ခမ်းသားငေါဝ်း
မေလ ၁၁၊ ၂၀၂၄

ကရင်နီပြည်တွင် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ဖောက်ထွင်းခိုးယူ ဖြုတ်ရောင်းခြင်းများ နှင့် ဝယ်ယူခြင်းများမပြုလုပ်ရန် နှင့် ကျူးလွန်ပါက မည်သူမဆို ထိရောက်စွာအရေးယူမည် ဖြစ်ကြောင်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က မေလ ၁၀ ရက်နေ့တွင် အမိန့်စာထုတ်ပြန်ထားသည်။

ဤထုတ်ပြန်ချက်ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တို့ ပါဝင်သော တပ်ပေါင်းစု၏ ၂၀၂၄ ခုနှစ်၊ မေလ (၈) ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အမိန့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ကရင်နီပြည် တွင်စစ်မြေပြင်အတွင်း ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူလူထု၏ အိုးအိမ်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ဖေါက်ထွင်း ခိုးယူဖြုတ်ရောင်းခြင်းနှင့် ဝယ်ယူခြင်း ဖြစ်စဉ်များ မကြာခန ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *