ခမ်းသားငေါဝ်း
မေ ၁၁ ၊ ၂၀၂၄

နောင်ရင်းရွာမှတက်ကြွ လူငယ်နှစ်ဦးအား PNO ပြည်သူ့စစ်မှ ဗိုလ်ကြီးလယ်နှင့်အဖွဲ့က ပြောစရာရှိ၍ တွေ့ကြရအောင်ဟုဆိုကာ ခေါ်ဆောင်သွားပြီးအမျိုးမျိုးညင်းပန်းနိက်စက် ပစ်သတ်ခဲ့ကြောင်း ဒေသခံထံက သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်းရင်းရွာမှ တက်ကြွလှုပ်ရှားသူလူငယ် ခွန်ဇာခွန်နှင် ခွန်ပလွန်တို့အားဒလန်ဟုစွပ်စွဲ PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်နှင့်အဖွဲ့က ခေါ်ဆောင်သွားပြီး နောင်ရင်းရွာတောင်ဘက် နောင်ယွေးရွာအဝင်အနီးတွင် ဒလန်ဟုစွပ်စွဲကာ ခန္ဓာကိုယ်ရှိ မျက်နှာ၊မှေး၊ ပေါင်၊ စသည်တို့အားဓား​ဖြင့် လှီး​ဖြတ် ညင်းပန်းနိက်စက်ပြီး မေလ ၉ ရက်ည ၈ နာရီခန့်တွင် သေနတ်နှင့်ပစ်သတ်ခဲ့သည်၊၊

“အဖြူက(PNO)စစ်သားနှစ်ယောက်လာခေါ်တာ မီးထွန်းတာတောင် ပေးမထွန်းဘူး နောင်ယွေးရွာအဝင်နား ပစ်သတ်ပြီး နောင်ယွေးရွာသားတွေက ညကထော်လာဂျီပေါ်တင်ပေးတယ် မနက်မှလာမောင်းခိုင်းတာ”ဟု ဒေသခံကပြောသည်၊၊

သေဆုံးသွားသူ ခွန်ဇာခွန်နှင့် ခွန်ပလွန်တို့သည် ဆိုက်ခေါင်တွင် စစ်ဘေးရှောင်နေကြပြီး အခြေအနေငြိမ်ပြီဟုဆိုသောကြောင့် ကျေးရွာသို့ပြန်လာစဥ် PNO ပြည်သူ့စစ်မှလာရောက်ခေါ်ဆောင်သွားပြီး အမျိုးမျိုးညင်းပန်းနိတ်စက်ပြီး ပစ်သတ်ခဲ့ခြင်းဖြစ်သည်၊၊

သေဆုံးသူလူငယ်နှစ်ဦးသည် အသက် ၃၀ ကျော်အရွယ် ဖြစ်ပြီး ၄င်းတို့နှစ်ဦးစလုံးသည် ကျေးရွာ ဖွံ့ဖြိုးရေး၊ ရပ်ရေး၊ရွာရေး ၊ စစ်ဘေးရှောင်များအတွက် ကူညီစောင့်ရှောက်ရန်အတွက် တက်ကြွစွာဦးဆောင်ပေး၊ ကူညီပေးသူများဖြစ်သလို လူငယ်အရေးတွေမှာလည်းတက်ကြွစွာ ဦးဆောင်လမ်းပြပေးသူများဖြစ်ကြကြောင်း သိရသည်၊၊

PPV001

Leave a Reply

Your email address will not be published. Required fields are marked *