ခမ်းသားငေါဝ်း
မေ ၁၀၊ ၂၀၂၄

ဆီဆိုင်မြို့နောင်ရင်းကျေးရွာရှိတက်ကြွ လူငယ်နှစ်ဦး ယနေ့မနက်တွင် အသတ်ခံရကြောင်းဒေသခံများထံ ​သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ရင်းရွာက လူငယ်နှစ်ဦးကိုမေလ ၁၀ ရက်နေ့မနက်ပိုင်းက အမည်မသိသူတို့ကသတ်ဖြတ်သွားကြောင်းသိရသည်။

“ချောင်းပြီးသတ်သွားတာ ဘယ်အဖွဲ့သတ်တာလဲတော့ အသေအချာမသိရသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်၊၊

ထိုနောင်ရင်းရွာသားနှစ်ဦးကို မည်သည့်အဖွဲ့ နှင့်မည်သူကသတ်ဖြတ်သည်ကို ခမ်းသားငေါဝ်းမှ စုံစမ်းနေဆဲဖြစ်ပြီး အတည်ပြုနိုင်ခြင်းမရှိသေးပါ။

သေဆုံးသူလူငယ်နှစ်ဦးသည် အသက် ၃၀ ကျော်အရွယ် ခွန်ဇာခွန်နှင့် ခွန်ပလွန်တို့ဖြစ်ပြီး ၄င်းတို့နှစ်ဦးစလုံးသည် ကျေးရွာ ဖွံ့ဖြိုးရေး၊ ရပ်ရေး၊ရွာရေး၊ စစ်ဘေးရှောင်များကူညီရေးတို့တွင် တက်ကြွစွာဦးဆောင်ပေးသူ၊ ကူညီပေးသူများဖြစ်သလို လူငယ်အရေးတွင်လည်းတက်ကြွစွာ ဦးဆောင်လမ်းပြပေးသူများဖြစ်ကြကြောင်း သိရသည်၊၊

PPV001

Leave a Reply

Your email address will not be published. Required fields are marked *