ခမ်းသားငေါဝ်း
မေလ၁၀၊ ၂၀၂၄

ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးတခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း ရှိ သိမ်ဇရပ် အခြေစိုက် စစ်ကောင်စီတပ် အမတ (၃၁၀) က မေလ ၆ ရက်နေ့တွင် လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ဇီးပြောင်း (၁) ကျေးရွာထိပ် ရာဘာခြံအတွင်း ၁ လုံးကျရောက်ပေါက်ကွဲ၍ အရပ်သား ၁ ဦးသေဆုံးသွားကြောင်းသိရသည်။

သေဆုံးသူမှာ ဇီးပြောင်း (၁) ကျေးရွာနေ အသက် (၄၅) နှစ်ရှိ ဦးသန်းအောင်ဖြစ်ပြီး ရာဘာစေးခြစ်နေချိန် စစ်ကောင်စီမှ ပစ်ခတ်လိုက်သောလက်နက်ကြီး ထိမှန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်စခန်းများမှ ကေအဲန်ယူ-သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်း ယခင်ကလည်း လက်နက် ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ လူနေထိုင်ရာကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်ခြင်းများ မကြာခန ပြုလုပ်လျှက်ရှိကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *

You missed