ခမ်းသားငေါဝ်း
မေလ ၁၀၊ ၂၀၂၄

စစ်ကောင်စီ ကြောင့် နိုင်ငံတစ်ဝန်း လေးလကျော်ကာလအတွင်း အသက် ၁၈ နှစ်အောက်ကလေး ၆၇ ဦိး အပါအဝင် အမျိုးသား ၄၇၆ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီရေးအသင်း AAPP က မေလ ၉ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။

အဆိုပါသေဆုံးသူများထဲတွင် စစ်ကိုင်းတိုင်းမှာ ၁၄၆ ဦးဖြင့်အများဆုံးသေဆုံးခဲ့ပြီး၊ စစ်ကောင်စီကဖမ်းဆီး ထိန်းသိမ်းပြီးနောက် နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်ခံရသူ ၁၆၇ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် အဆိုပါကာလအတွင်း စစ်ကောင်စီက အသက် ၆ နှစ်အရွယ်ယောက်ျားလေး ၁ ဦးအပါအဝင် အမျိုးသား ၁၈၉ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရသည်။

ဖမ်းဆီးခံရသူများထဲမှ စစ်ကောင်စီ၏ လက်အောက် ခံ တရားရုံးများမှ မတရားပုဒ်မ များဖြင့် ထိန်းသိမ်းခံရဆဲ အမျိုးသား ၁၂၃ ဦးရှိခဲ့ပြီး အသက် ၁၈ နှစ်အောက် ထောင်ဒဏ်ချမှတ်ခံရသူ ၆ ဦးပါဝင်ပြီး သေဒဏ်ချမှတ်ခံရသူ ၉ ဦးပါဝင်ကာ တစ်သက်တစ်ကျွန်းထောင်ဒဏ်ချမှတ်ခံရသူ ၁၂ ဦးပါဝင်ကြောင်း AAPP ၏အချက်အလက်အရ သိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *