ခမ်းသားငေါဝ်း
မေ၉ ၊ ၂၀၂၄

မဲနယ်တောင်ဒေသရှိ အဝင်အထွက်များတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က တင်းကြပ်စွာစစ်ဆေးနေကြောင်း ‌ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်တစ်ကြောရှိ အဝင်အထွက်အားလုံးတွင် လုံခြုံရေးအရဟုဆိုကာ ရွာထဲဝင်လာသည့် လူမှန်သမျှအား တင်းကြပ်စွာစစ်ဆေးနေပြီး ည(၆)နာရီကျော်လျှင် အဝင်အထွက်ပေးမလုပ်တော့ကြောင်း သိရသည်။

“ရွာထဲဝင်လာတဲ့လူမှန်သမျှစစ်တယ် နေ့တိုင်းလိုင်းကားဆွဲနေတဲ့သူကိုလည်းစစ်တယ် မှတ်ပုံတင်တောင်းကြည့်တယ် ရွာခံကိုလည်းအဲလိုစစ်တော့ စိတ်အ‌နှောက်အယှက်ဖြစ်ရတယ် ရွာထဲဝင်ဖို့ အရေးမှတ်ပုံတင်ပေးရတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။

ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် ဇန်နဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီ၊ PNOပြည်သူ့စစ်နှင့် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် PNLA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများတိမ်ရှောင်ခဲ့ရကာလက်ရှိတွင်လည်း စစ်သားအတင်းစုဆောင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

PPV008

Leave a Reply

Your email address will not be published. Required fields are marked *