ခမ်းသားငေါဝ်း
မေ ၉ ၊ ၂၀၂၄

ဆီဆိုင်မြို့တောင်ပိုင်း နောင်ရင်းကျေးရွာတွင်စစ်ရှောင်ပြန်လာသည့် အမျိုသားတစ်ဦးမိုင်းနင်းမိပြီးဒဏ်ရာရှိခဲ့ကြောင်း ဒေသခံပြောပြချက်အရသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တောင်ဘက် နောင်ရင်းကျေးရွာ ၌ မေလ ၈ ရက်နေ့ ညနေလေးနာရီခန့်တွင် အမျိုးသားတစ်ဦး ရေချိုးရန်သွားရာမှ မိုင်းနင်းမိကြောင်းသိရသည်။

” စစ်ရှောင်တဲ့နေရာကနေ ရွာကိုပြန်လာတုန်း ရေပါဝင်ချိုးမယ်ဆိုပြီးသွားလိုက်တာ၊ အဲ့ဒါနဲ့ တံတားအောက်မှာ မိုင်းနင်းမိသွားတာဖြစ်တယ်” လို့ ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အဆိုပါမိုင်းနင်းမိသူမှာ ခြေထောက်တစ်ဖက်ဒဏ်ရာရသွားပြီး ခြေမျက်စိထိဖြတ်လိုက်ရကြောင်း ၎င်း ကဆိုသည်။

ရွာသားများအနေနှင့် ရွာကိုပြန်လာရင် ပိုပြီးသတိထားစေလိုကြောင်း၊ ပိုဂရုစိုက်စေချင်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ဇုန်ဖြစ်ခဲ့သည့်ဆီဆိုင်မြို့နယ်တွင် စစ်ကြွင်းကျန်များရှိနေပြီး နေရပ်ပြန်လာသည့်ပြည်သူများမကြာခဏ မှိုင်သနင်းမိခြင်း ဗုံးပေါက်ကွဲ ထိမှန်ခြင်းများနှင့်ကြုံတွေ့နေရကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *