ခမ်းသားငေါဝ်း
မေ ၉၊၂၀၂၄

ဆီဆိုင်မြို့နယ်အတွင်း စာသင်ကျောင်းအများစုပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေး၍ ကလေးများ၏ ပညာရေးသင်ယူခွင့်ဆုံးရှုံး နေရကြောင်း ဒေသခံတစ်ဦးကဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ယခုနှစ် ၂၀၂၄-၂၀၂၅ ခုပညာသင်နှစ်တွင် အ.မ.ကကျောင်း၊ မူလွန်ကျောင်း၊ အလယ်တန်းကျောင်းနှင့်အထက်တန်း ကျောင်းများအပါအဝင် ကျောင်းပေါင်း ၃၄ ကျောင်း သည် အခြေနေတည်ငြိမ်မှုမရှိသည့်အတွက် မဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

“စာသင်ကျောင်းတွေပိတ်လိုက်ရတာ ဆီဆိုင်နယ်တစ်မြို့ထဲတင်မဟုတ်ဘူးပေါ့နော် ခုလိုကျောင်းပိတ်တော့ အဓိကကလေးတွေအနာဂတ်ပျောက်ဆုံးရတယ် စစ်တပ်အာဏာသိမ်းပြီးကတည်းက ပညာရေးတွေတုန့်နှေးသွားပါတယ်”ဟုဆီဆိုင်မြို့ခံအမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ကလေးမိဘများလည်း တိုက်ပွဲဖြစ်ပွား၍ စစ်ဘေးတိမ်းရှောင်နေရသည့်အတွက် သားသမီး၏ ပညာရေးကို ဦးစားမပေးနိုင်ခဲ့ကြောင်း၎င်းကဆက်ပြောသည်။

ဆီဆိုင်မြို့နယ်တွင် ဖွင့်လှစ်နိုင်သည့်ကျောင်းတို့မှာ အထက်တန်းကျောင်း ၅ ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်း၊မူလွန်ကျောင်း ၁၁ ကျောင်းနှင့် အ.မ.ကကျောင်း ၁၄ ကျောင်းတို့ဖြစ်ကြောင်းသိရသည်။

ထို့အပြင်ဆီဆိုင်နှင့်အနီးစပ်ဆုံးဖြစ်သည့်ကရင်နီ ကယားပြည်အတွင်းသည်လည်း တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့် ပြည်နယ်တစ်ခုလုံးရှိ အခြေခံပညာရေးကျောင်းအားလုံးပိတ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကာလအတွင်း၌ အာဏာမသိမ်းခင်နှင့် အာဏာသိမ်း ပြီးချိန် စာမေးပွဲဖြေဆိုသူဦးရေ အဆမတန်ကွာဟနေပြီး နှစ်စဥ်စာဖြေသူဦးရေ ပျက်ကွက်သူဦးရေသိသိသာသာနည်းပါးလာခဲ့ရကြောင်းသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *

You missed