ခမ်းသားငေါဝ်း
မေ ၉၊ ၂၀၂၄

ဆီဆိုင်မြို့ မွေတော်ဘုရားအနီးတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း ဒေသခံကပြောသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်မှ အသက် ၃၂ ဝန်းကျင်အရွယ်မောင်းနျားသည်ယခုပတ်အတွင်း မွေတော်ဘုရားအနီး မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်၊၊

” ၅ ရက်လောက်ပဲ ရှိအုံးမယ်ထင်တယ် မနက်ပိုင်းနင်းမိပြီး ညနေပိုင်းမှသိရတာ ၄၂၃ ကလာသယ်သွားတယ် လာသယ်တုန်းကမသေသေးဘူး ၄၂၃ တပ်ထဲမှာသေသွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်၊၊

မောင်းနျားသည် တခြားရွာမှ မြကန်သာတွင် အလုပ်လာလုပ်ရင်း အပြီးနေသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း ၄င်းကဆက်ပြောသည်၊၊

ပြီးခဲ့သည့် ဧပြီလတွင်လည်း ပစ္စည်းပြန်လာယူသည့် မြကန်သာရပ်ကွက်မှ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တဖက်ဆုံးရူံးသွားရကြောင်း သိရသည်၊၊

PPV001

Leave a Reply

Your email address will not be published. Required fields are marked *