ခမ်းသားငေါဝ်း
မေ၊ ၈၊ ၂၀၂၄

ဆီဆိုင်မြို့နယ်တွင် နှစ်ဖက်စစ်ရေးတင်းမာမှုရှိနေပြီး ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားမည်စိုးရိမ်သဖြင့် ထပ်မံတိမ်းရှောင် နေကြကြောင်း မေလ ၈ ရက်နေ့တွင် ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ၊ တောင်ရှေ့အုပ်စု၊ တဘက်အုပ်စု၊ နောင်ကျောအုပ်စုရှိကျေးရွာများမှ ဒေသခံများသည် ယနေ့တွင် အိုးအိမ်စွန့်ခွာပြီး ထပ်မံတိမ်းရှောင်နေ ရကြောင်း သိရသည်။

“မရှောင်တဲ့လူလည်းရှိတယ် ရှောင်တဲ့သူကများတယ် ခုလမ်းမကြီးလည်း သူများပိတ်ထားတယ် ရွာသားတွေက တောလမ်းဖက် ထွက်ပြေးကြရတာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယင်းကျေးရွာမှ ဒေသခံများသည် ဧပြီလတွင် စစ်ရှောင်ရာကနေမှ အိမ်ပြန်လာနေကြခြင်းဖြစ်ပြီး ယခုတွင် ရုတ်တရက်ဒုတိယအကြိမ်ထပ်မံတိမ်းရှောင်နေ ရကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးများက ပြည်သူများကို ဆီဆိုင်မြို့တွင်း ပြန်လာနေထိုင်ကြရန် ဖိအားပေးပြန်ခိုင်းခြင်းရှိနေပြီး လက်ရှိအခြေအနေတွင် တိုက်ပွဲထပ်မံဖြစ်ပွားလာနိုင်ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတိုက်ပွဲဖြစ်ပွားသည့် ၁၀၅ ရက်အတွင်း စစ်ဘေးတိမ်းရှောင်ရသူ ၇သောင်းနှစ်ထောင် ရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYOထုတ်ပြန်ချက်အရသိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *