ခမ်းသားငေါဝ်း
မေ ၈ ၊ ၂၀၂၄

စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး၊မူကြိုကျောင်း ၁ လုံး၊ ဆိုင်ကယ် ၁ စီးပျက်စီးခဲ့ရပြီး အရပ်သားပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက မေလ ၇ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

ကေအဲန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ကော်သူလေးအုပ်ချုပ်နယ်မြေ၊ ခလယ်ထွီခရိုင်၊လယ်ဒို မြို့နယ်အတွင်း မေလ ၅ ရက်နေ့တွင် စစ်ကောင်စီ ၏ ပိန်းဇလုပ်အခြေစိုက် (ခလရ-၂၆၄) တပ်ရင်းမှ ၁၅၅ မမ လက်နက်ကြီး ၈ လုံးပစ်ခတ်ခဲ့ရာ ပဒဲကောကျေးရွာနှင့် ဘောကထာ ကျေးရွာအတွင်းကျရောက် ပေါက်ကွဲ ခဲ့ပြီး မူကြိုကျောင်း ၁ လုံးပျက်စီးသွားကြောင်းသိရသည်။

ထို့အပြင် မေလ ၂ ရက်နေ့တွင် ပိန်းဇလုပ် အခြေ စိုက် (ခလရ- ၂၆၄) တပ်ရင်းမှ ၁၅၅ မမ လက်နက် ကြီး ၁ လုံးပစ်ခတ်မှုကြောင့် ကရင်ကျွန်းကြီးကျေးရွာမှ နေအိမ်နှစ်လုံးပျက်စီးခဲ့ပြီး အသက် ၈၉ နှစ်အမျိုးသမီးအပါအဝင် အမျိုးသမီး နှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဧပြီလ ၂၇ ရက်နေ့တွင်လည်း (ခလရ -၆၀)တပ်ရင်းမှ ၆၀ မမ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ခဲကြီးကျေးရွာတောင်ဘက်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦးဒဏ်ရာရကာ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မေလ ၅ ရက်နေ့တွင်ခလရ – ၂၆၄ တပ်ရင်းမှ ၈၁ မမ ၃ လုံး နှင့် ၂၀ မမ ၃ လုံးပစ်ခတ် ခဲ့ရာ ရေဖြူကန်ကျေးရွာ၊ နွားရေကျောင်းကျေးရွာနှင့် ငါးဖယ်အင်းကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *