ခမ်းသားငေါဝ်း
မေ ၈၏ ၂၀၂၄

ခိုလှိုင်ကျေးရွာတွင် အသက်ပြည့်ပြီး လူငယ် ၂၂ ဦးအား စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက ဆင့်ခေါ်စာ ပေးပို့ကြောင်း မေလ ၈ ရက်နေ့တွင် ဒေသခံကပြောသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စု ခိုလှိုင်ကျေးရွာရှိ လူငယ်၂၂ ဦးအား စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက နာမည်စာရင်းဖြင့် ပေးပို့လာပြီး မေလ ၇ ရက်နေ့တွင် ဟိုပုံးမြို့ လဝကရုံးတွင် မှတ်ပုံတင်စာရင်းထပ်မံပေးပို့ရပြီး လက်မှတ်လည်းထိုးခဲ့ရသည်၊၊

“မနေ့က ဟိုပုံးမှာလက်မှတ်သွားထိုးရတယ်။ သွားတော့မသွားရသေးဘူး။ စာရင်းတော့သွင်းပြီးပြီ သူတို့လိုတဲ့အချိန် သွားရမယ်လို့ပြောတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းပြောသည်။

ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီအပြင် ၊PNO ပြည်သူ့ စစ်လည်း စစ်မှုထမ်းခေါ်နေပြီး စစ်သင်တန်းမတက်ဖူးသည့် သူများလည်းရှေ့တန်း ပို့ခံနေရကြောင်း သိရသည်။

“ပြည်သူ့စစ်အတွက် တစ်ခါမဲနိုက်ပြီးပြီ သူတို့အတွက်သပ်သပ် ခုကစစ်ကောင်အတွက်”ဟု ၄င်းကဆက်ပြောသည်၊၊

စစ်ကောင်စီခေါ်သည့် စစ်မှုထမ်းသင်တန်းဒုတိယအကြိမ်ကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးများက စာရင်းလိုက်လံကောက်ခံပေးနေရြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ၂၇ ရက်နေ့တွင်လည်း စစ်သင်တန်းမတက်ဖူးသည့် ဟိုပုံးမြို့နယ်၊ဒုံကောင်ရွာနေခွန်အောင်ရွှေအား PNO ပြည်သူ့စစ်က ရှေ့တန်းတက်ခိုင်းခဲ့ပြီး ထမ်းယမ်းတိုက်ပွဲတွင် ကျဆုံးခဲ့ရကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *