ခမ်းသားငေါဝ်း
မေ ၈၊၂၀၂၄

ကရင်နီ(ကယား)ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားသည့် ဧပြီလတစ်လအတွင်း အမျိုးသမီးနှင့်ကလေးင၊ယ်အပါ အဝင် ၁၅ ဦးသေဆုံးခဲ့ရကြောင်း KNDF ဗဟို ၏ ထုတ်ပြန်ချက်အရသိသည်။

သေဆုံးရသည့် အရပ်သားပြည်သူတို့သည် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်ကလေးငယ် ၅ ဦး ၊ လူကြီး ၅ ဦးနှင့် ဖမ်းဆီးသတ်ဖြတ်ခံရသူ အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၂ ဦးတို့ သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ၂၁ ရက်နေ့၌ တောင်ယာသွားသည့် မိသားစု ၂ စုတို့တွင် အမျိုးသား၂ ဦးကိုသတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၁ ဦးတို့ကိုဖမ်းဆီးကာ ဖမ်းဆီးခံရသူ အမျိုးသမီး ၁ ဦးက နိက်စက်သတ်ဖြတ်ခံခဲ့ရကြောင်းဖော်ပြထားသည်။

ဧပြီလ ၂၃ ရက်နေ့တွင်လည်း ဖယ်ခုံအနောက်ဘက်ခြမ်းတောင်ယာကနေပြန်လာသည့်အမျိုးသား ၁ ဦး အမျိုးသမီးဦး ၁ ဦး စစ်ကောင်စီစစ်ကြောင်းနှင့်တိုး၍ သတ်ပစ်ခံရပြီး ၁၁ ရက်နေ့၌လည်း ဖယ်ခုံမြို့နယ် လွယ်ယင်းနှင့် ပီကင်းကျေးရွာကိုစစ်ကောင်စီက ဂျက်ဖိုက်တာဖြစ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး ကလေးငယ် ၃ ဦးသေဆုံးရသည်။

ထိုတိုက်ပွဲကြောင့် ဒေသခံအရပ်သား ၁၅ ဦးသေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရသူ ၃၀ ထက်မနည်းရှိသလို လူနေအိမ် ၆ လုံးမီးလောင်ပျက်စီးပြီး နေအိမ် ၃၀ ကျော်ထိခိုက်ပျက်စီးခဲ့ရကြောင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *